Unicode
အိပ်နေရင်း ရင်ခွင်ထဲက လှုပ်စိလှုပ်စိနဲ့ သည်းငယ်ကြောင့် ရှောင်ကျန့်နိူးလာခဲ့သည်။
"သည်းငယ် အိပ်မပျော်ဘူလား "
"အွန်း "
ရင်ခွင်ထဲက အပေါက်လေးကို ရှောင်ကျန့်မချီကာ ဘယ်ဘက်မာဖက်ပြီး အိပ်စေလိုက်သည်။ညာဘက်ကြီး တစ်ဖက်တည်း အိပ်နေရင် သည်းငယ်ကိုယ်ညောင်းမာစိုးလို့
"ဦး ဦးကျန့်"
"ဗျာ ဦးကျန့်ကိုနိူးတာမဟုတ်ဘူး တစ်ယောက်တည်း ပျင်းနေရောပေါ့"
ရိပေါ် ညစာမစားရလို့ တစ်ရေးနိူးတာနဲ့ လစ်ဟာနေတဲ့ ဗိုက်ထဲကအစာကြောင့် သူပြန်အိပ်ဖို့ ကြိုးစားပေမယ့် အိပ်မရခဲ့တာမို့
ဦးကျန့်ရဲ့ အင်္ကျီကြယ်သီးလေးကို ဆော့ကစားနေမိတယ်
"ဦးကျန့်"
"ဗျာ သည်းငယ်"
"ဗိုက်..ဆာတယ်"
"ဟမ်" အသံတိုးတိုးလေးနဲ့ ပြောကာဆိုလာတဲ့ သည်းငယ်ကြောင့် ရှောင်ကျန့်အိပ်ရာကနေ ချက်ချင်းထလာခဲ့သည်။
ရုတ်တရက်ထသွားသော ဦးကျန့်ကြောင့် ရိပေါ်သူ့ကို စိတ်ဆိုးသွားတယ်အထင်နဲ့ ခေါင်းငုံ့နေမိတယ်။ သူ့ကြောင့် ဦးကျန့်အိပ်ရေးပျက်သွားလို့ စိတ်တိုနေရောပေါ့
ဗိုက်ဆာတစ်ကြောင်း ဦးကျန့်စိတ်ဆိုးသွားမာ တစ်ကြောင်းနဲ့ လူကငိုချင်လာတယ်
ယောင်္ကျားလေးဖြစ်ပြီး နွဲ့လိုက်တာလို့ မပြောနဲ့ ကိုယ့်ကြောင့် ချစ်ရသူလေး စိတ်ဆိုးသွားမလားဆိုတဲ့ စိုးရိမ်စိတ်က ဘယ်လောက်ထိ ဝမ်နည်းစရာကောင်းလဲဆိုတာ စာဖတ်နေတဲ့ မင်းတို့ဘဲရှိလာတဲ့နေ့ကြရင် သိလာလိမ့်မယ်
"သည်းငယ်"
"ဦးကျန့် တောင်းပန်ပါတယ်"
သည်းငယ်စကားကြောင့် ရှောင်ကျန့်အကြောင်သား။ ယူလာတဲ့ ခေါက်ဆွဲဘန်းကို ခုံပေါ်မာ ချကာ သည်းငယ်နား ထိုင်လိုက်၏
အခုထိ ခေါင်းငုံ့နေသေးသော သည်းငယ်ကို ခေါင်းမော့စေကာ ပါးပြင်ပေါ် ကျလာတဲ့မျက်ရည်တွေကို ဖွဖွလေးသုတ်ပေးလိုက်သည်