Unicode
လူဆယ်ယောက်ဆယ့်ငါးယောက်ပဲ ရှိတဲ့ ရှောင်အိမ်တော်ရဲ့ အိမ်ရှေ့က ခြံလေးထဲမာ ရှောင်ကျန့်နဲ့ဝမ်ရိပေါ်တို့ရဲ့ လက်ထပ်ပွဲလေး
ပိုင်ရှင်နှစ်ယောက်စလုံးက လူသိရှင်ကြား မလုပ်ချင်ဘူးဆိုပြီး ပြောလာတာမို့ မိဘနဲ့အရင်းနှီးဆုံး သူငယ်ချင်းရယ် ရှေ့နေရယ် ရိပေါ်ရဲ့ဒေါ်လေးရယ် ရှောင်ပါးရဲ့ သူငယ်ချင်းနှစ်ယောက်ရယ်နဲ့ အားလုံးပေါင်း ဆယ့်ငါးယောက်လောက်ပဲ ရှိမာ
မိဘကို ကန်တော့ကာ မိုးမြေကန်တော့ပြီးလို့ သစ္စာဆိုပြီးချိန်မာ ရှေ့နေဆီကနေ အကြင်လင်လင်ဖြစ်ကြောင့် လက်မှတ်ရေးပြီးကာ မဂ်လာပွဲလေး ပြီးမြောက်သတဲ့....
ရှောင်မား သူမသားနဲ့ဝမ်လေး ကိုကြည့်ပြီး ပီတိအဖြာဖြာနဲ့ လှလှပပလေးပြုံးနေလို့...နောက်ဆုံးတော့ သူမလိုချင်တဲ့ သားဝမ်လေးကို သားလိုသမက်လိုမျိုး သူမခေါ်ခွင့်ရပြီလေ
ရိပေါ်ရဲ့ဒေါ်လေးက သူမသားလေးကို ကြည့်ပြီး မျက်ရည်တွေ ဝဲလို့...
"ရိပေါ် ငါတို့ရဲ့ သူငယ်ချင်းလေး မင်းလက်ထပ်လိုက်ပြီဆိုတာ ငါမယုံနိူင်သေးဘူးကွာ "
ရိပေါ်ပခုံးကို ဖက်ကာ ခပ်ဆွေးဆွေးလေးနဲ့ ပြောလာတဲ့ သူငယ်ချင်းဖြစ်သူကြောင့် ပြုံးပဲနေလိုက်သည်
"မင်းကလည်း ဟိုကမဂ်လာတောင်ဦးတော့မယ် မယုံနိူင်သေးတွေ ဘာတွေလုပ်မနေနဲ့"
"မင်းကလည်း ငါတကယ်မယုံနိူင်သေးလို့ပါ ဟောက်ရွှမ်းရာ"
ဟောက်ရွှမ်းကတော့ ကျိယန်ကိုကြည့်ပြီး မျက်စောင်းထိုးနေလိုက်သည်။ဒီကောင် အကဲပိုတာ မသိရင် သူအဝေးကနေ ပြန်လာတာကျလို့..
"ရိပေါ် ငါသူငယ်ချင်းနဲ့ ခနလိုက်သွားမယ် ပြန်လာမယ်နော်"
ထိုလူပြောလာတဲ့စကားကို ရိပေါ်ခေါင်းညိတ်ပြလိုက်သည်။ ထိုလူထွက်သွားတာနဲ့ ကျိယန်တော့ အမေးစကားချက်ချင်းလာတယ် "ဘဲကြီးက မင်းကိုချစ်တာပဲ"တဲ့ သူလည်းထွက်သွားတဲ့ ထိုလူနောက်ကျောကို ကြည့်ပြီး အဲ့လိုဖြစ်လာမာ မဟုတ်လောက်ဘူးဆိုပြီး သူတွေးနေမိတယ် ဘာလို့ဆို ထိုလူက ရည်းစားနဲ့မလားးးး????