Part :32

2.2K 129 12
                                    

Unicode

"သည်းငယ် သည်ငယ်ဘယ်နားနားသေးလဲ အရမ်းနာနေလား ဦးကျန့်ကိုပြဦး"

တကယ်ကြီး ဦးကျန့်ရောက်လာတာလား?ဦးကျန့်က ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ?

"ဦးကျန့်လာပြီ ဦးကျန့်လာပြီမို့ ခနသည်းခံပေးနော် ဦးကျန့်တို့ဆေးရုံသွားမယ်"

သူ့ကိုမချီကာ စိုးရိမ်စိတ်အပြည့်နဲ့ ပြောနေသော ဦးကျန့်ကို ရိပေါ်အကြောင်သားပဲ ငေးနေမိတယ်။ သူအခု ဦးကျန့်ကို စိတ်ပူစေပြန်ပြီလား?

သည်းငယ်ဒူးပေါ်ထွက်နေသော သွေးကိုမြင်တော့ ရှောင်ကျန့်စိုးရိမ်စိတ်တွေ တစ်ဟုန်တိုးလာပြန်တယ်
သူမေးတာကို မဖြေပဲ သူ့ကိုပဲ အငေးလွန်နေတဲ့ သည်းငယ်က ဘာတွေအဲ့လောက်ထိတွေးနေတာလဲ သည်းငယ်ရာ

သည်းငယ်ကို ကားထဲမာ ထိုင်ခိုင်းပြီး ခနလောက်သည်းခံပေးနော် ဆိုတဲ့စကားနဲ့ သည်းငယ်နဖူးကိုနမ်းကာ ဆေးရုံကိုမောင်းသွားတော့သည်။

စကားလည်း မပြောသလို တစ်လှမ်းလုံး သူ့ကိုငေးကာ အတွေးလွန်နေတဲ့ သည်းငယ်က ဆေးရုံရောက်တော့ ငိုခန်းလေး စလိုက်တာတဲ့လေ

"အီးးးးးး😭 စပ်တယ် မလုပ်ပါနဲ့ အီးးးးး😭"

"မငိုပါနဲ့ မငိုပါနဲ့ သည်းငယ်ရာ ခနပဲနော် ပြီးရင် ပြန်ကောင်းတော့မာ မငိုပါနဲ့ကွယ်"

"အီးးးးးဦးကျန့် 😭"

"အင့် ဦးကျန့်ရှိတယ် ဦးကျန့်ရှိတယ် မငိုပါနဲ့တော့နော် "

ဦးကျန့်ရဲ့ ဂရုစိုက်မှု့တွေ ရလာတွေ ဒဏ်ရာတွေက ပိုပြီးနာကျင်လာသလို

လေသံအေးအေးလေးနဲ့ သူ့ကိုချော့မော့ကာ ပြောလာတဲ့ ဦးကျန့်ကို ရိပေါ်တင်းကြပ်စွာ ဖက်နေလိုက်သည်

လွမ်းတယ် သူအရမ်းလွမ်းတယ် ဒီရင်ခွင်ကြီးကို
ဒဏ်ရာကြောင့်ရော ဝမ်းနည်းလာတာရော အတူပေါင်းသလိုဖြစ်သွားတာမို့ ရိပေါ်ငိုပွဲကြီး ဆင်နွှဲနေမိတယ်

ဆရာဝန်တော့ သွေးထွက်နေသောဒူးကို တိတ်အောင်လုပ်ပြီး ဆေးလေးလိမ်းပေးကာ ROပြနေသော CEO Xiaoတို့ အတွဲကြောင့် ပြုံးနေလိုက်သည်။ ချစ်တတ်လိုက်ကြတာကွယ်
‌သွေးထွက်လွန်တာကြောင့် ခေါင်းမူးခေါင်းကိုက်ဖြစ်တတ်တာမို့ စားဆေးပါတစ်ခါ
တည်း ပေးလိုက်ရပါတယ်

U Zhan ( Completed )Where stories live. Discover now