Unicode
လိုက်ကာကနေ ရလာတဲ့ မနက်ခင်းရဲ့ နေရောင်ခြည်ကြောင့် ရိပေါ်တစ်ယောက် မျက်လုံးဖွင့်လာခဲ့တယ်။ ညက သူတော်တော်နဲ့ အိပ်မရတာမို့ အခုလိုနောက်ကျသွားတာ..
သူ့ဘေးကိုကြည့်လိုက်တော့ အေးစက်စက်နေ
ရာလေးသာ တွေ့ရတယ်ဦးကျန့်လည်း မချစ်တဲ့လူနဲ့အတူ နေရတာ ပင်ပန်းနေရောပေါ့
ကျွန်တော် ခနလောက် ထပ်ပြီး တစ်ကိုယ် ကောင်းဆန်ပါရစေ ၊ ဦးကျန့်အတွက် ခက်ခဲနေမှန်းသိပေမယ့် ကျွန်တော် ဦးကျန့်အနားကနေ ထွက်သွားဖို့ဆန္ဒမရှိသလို ဦးကျန့်မရှိတဲ့နေရာမာ ကျွန်တော်ခံနိူင်ရည် ရှိမာမဟုတ်ဘူး
တောင်းပန်ပါတယ် ဦးကျန့် ၊ ဦးကျန့်အနားမာနေပြီး ဦးကျန့်ပေးတဲ့ နာကျင်ခြင်းကို အပြစ်မဆိုပဲ နှလုံးသားဖွင့်ပြီး ခံယူချင်သေးလို့....
ကျန်ခဲ့သော ဦးကျန့်ရဲ့ ခေါင်းအုံ့ကို ဖက်ပြီး တောင်းပန်စကားဆိုကာ ဦးကျန့်ရဲ့အငွေ့အသက်ကို သူတဝကြီးရှူနေမိတယ်..
မကြာပါ တတိန်တိန်နဲ့ မြည်လာတဲ့သူရဲ့ဖုန်းမက်ဆေ့စ်သံကြောင့် မထချင်သေးပေမယ့် ထလာရသည်။ ဒါပေမယ့် သူမမြင်တွေ့ချင်သော ပုံနဲ့စာလုံး၆လုံးလေးးးးးးးးးး
ပုံလေးက ဦးကျန့်နဲ့ကျဲရဲ့ ပန်းခြံမာလည်ထားတဲ့ပုံ၊ထမင်းစားနေကြတဲ့ပုံ ၊ ဦးကျန့်ရဲ့ ရယ်မောနေသောပုံနဲ့ သူမမြင်ချင်ဆုံးပုံလေးက နှုတ်ခမ်းခြင်း ထိတွေ့ပြီး အနမ်းခြင်းဖလှယ်နေတဲ့ပုံလေးးးး ဒါတွေက မနေ့က ထင်တယ်းးးးးးးးးးနာကျင်လိုက်တာ 😭
နောက်ဆုံးစာလေးတစ်ကြောင်းက *ကို နဲ့ လမ်း ခွဲ ပေး ပါ *တဲ့
ဟင့်အင့် ဟင့်အင့် သူဦးကျန့်နဲ့ မခွဲနိုင်ဘူး။လုံးဝကို မခွဲဘူးနော် ကျဲအပေါ်ရက်စက်ရာကျပေမယ့် သူကအခု ဦးကျန့်ရဲ့လက်ထပ်ယူထားတဲ့သူ ၊ကျဲက အချစ်မပါတဲ့ အိမ်ထောင်ရေးလို့ ထင်ချင်ထင်လိမ့်မယ် ဒါပေမယ့် သူဦးကျန့်ကို ချစ်တယ်လေ....
ချစ်လွန်းလို့ ကျဲနဲ့စာပို့တာကအစ ကျဲနဲ့တွေ့ပြီး အီစီကလီတွေ လုပ်နေတာတောင် သူမသိသလို နေပေးတာပဲလေ...ဘာလို့ သူ့ကို လမ်းလာခွဲခိုင်းတာတုန်း