Part :44

2.2K 120 14
                                    

Unicode

"မေးနေတယ်လေ ဘာလုပ်တာလဲလို့"

"ဦးးးးးးးးးးဦးကျန့်"

ရှောင်ကျန့်မာ အခန်းထဲ ဝင်ဝင်ခြင်း ကိုယ်လေးတုန်နေတဲ့ သည်းငယ်ကြောင့် ငိုနေပြီဆိုတာ သူသိလိုက်တယ် ။ သူကစိတ်ပူလို့ ထမင်းသွားစားခိုင်းတာလေ သည်းငယ်က ဘာလို့နားမထောင်ပြန်တာ

မျက်ရည်တွေနဲ့ ပေါင်မုန့်အထုပ်သေးကိုပါ စားထားတာ မြင်တော့ လူကဒေါသ ထွက်လာတယ်

သည်းငယ်က ဘာသဘောလဲ....?

သည်းငယ် လက်ထဲကို ကိုင်တဲ့ ပေါင်မုန့်ကို ယူကာ သူပစ်လိုက်တော့ အထစ်ထစ်‌အငေါ့ငေါ့နဲ့ သူကိုမော့လာပြန်တယ်

"ဝမ်ရိပေါ် ငါကမင်းကို ထမင်းမကျွေးဘူးလား? အဲ့ပေါင်မုန့်နဲ့ မင်းကဘာဖြစ်ချင်တာလဲ? "

သူ့လက်ထဲက ပေါင်မုန့်ကို ပစ်ကာ သူ့ကိုခက်ထန်စွာ ကြည့်လာတဲ့ ဦးကျန့်ကို ရိပေါ်တကယ်ကြောက်တယ်

မင်းတွေငါတွေ သူ့နာမည်အပြည့်အစုံပါ ခေါ်လာတဲ့ ဦးကျန့်က သူ့ကိုအရမ်းဒေါသထွက်တယ်

ကြောက်တယ် သားဦးကျန့်ကို ကြောက်တယ်😭

"တောင်းးးးးးတောင်းပန်ပါတယ် "

"ပြောလိုက်ရင် တောင်းပန်တာချည်းပဲ အဲ့တာ ဘယ်သွားပြန်တာတုန်း"

အခန်းထဲကနေ ပြေးထွက်သွားသော သည်းငယ်ကို ကြည့်ပြီး ရှောင်ကျန့်လည်း နာကျင်ရပါတယ် ။ ဦးကျန့်စကားကို နားထောင်ပါ သည်းငယ်ရာ ဦးကျန့်သည်းငယ်ကို အရမ်းချစ်တယ်ဆိုတာ သည်းငယ်မသိလေသလား?

မျန်မျန်တော့ အပေါ်ထပ်ကနေ ပြေးဆင်းလာကာ အပြင်ဘက်ကို ပြေးသွားသော အစ်ကိုလေးကြောင့် လန့်ရပြန်တယ်

"အစ်ကိုလေး မိုးရွာနေတယ် "

သူမစကားကို မကြားသည့်အလား ပြေးထွက်သွားသော အစ်ကိုလေးက သခင်လေးနဲ့ ရန်ဖြစ်တာ ထင်တယ်

မျန်မျန် ထီးကို လှမ်းယူပြီး အစ်ကိုလေးနောက် ပြေးလိုက်သွားတော့တယ်

"အစ်ကိုလေး မပြေးနဲ့ မိုးရွာနေတယ်"

အစ်ကိုလေးက နောက်ကိုလည့်မကြည်ပဲ ပြေးထွက်ကာ ခြံအပြင်ရောက်တာနဲ့ Taxiပေါ် ပြေးတက်လိုက်သည်။

U Zhan ( Completed )Where stories live. Discover now