Part :22

2.8K 183 9
                                    

Unicode

       လေတဖြူးဖြူးနဲ့ တိုက်ခိုက်ကာ လမ်းမကြီးပေါ်မာ ပြေးလွှားနေတဲ့ဆိုင်ကယ်တစ်စီးး

အဲ့ဆိုင်ပေါ်မာ ကောင်လေးနှစ်ယောက်စီးလာပေမယ့် လမ်းမပေါ်ကလူတွေရဲ့အမြင်ကို ဖမ်းစားနိူင်ခဲ့တယ်။

ရှေ့ကမောင်းသူနေရာနဲ့ကောင်လေးက ဦးထုပ်မပါပေမယ့် အဲ့ကောင်လေးရဲ့ ခါးကိုဖက်သွယ်ကာ အနောက်မာပါလာတဲ့ ကောင်လေးက ဦးထုပ်လေးတော့ ပါရှာတယ်။သူတို့ပုံစံကို ကြည့်တာနဲ့ ရိုးရိုးခင်မင်ခြင်းမဟုတ်ဘူးဆိုတာ တန်းသိနိူင်တယ်

နောက်ကကောင်လေးရုပ်ကို သေချာမမြင်နိူင်ပေမယ့် ရှေ့ကကောင်လေးရဲ့ အပြုံး‌ကိုတော့ ဒီဆိုင်ကယ်တစ်စီးကို ငေးတာနဲ့ ရှင်းရှင်းလင်း လင်းမြင်နိူင်တာမို့ မြင်သူတိုင်းတော့ အားကျသောအကြည့်တွေနဲ့

ရှောင်ကျန့်အခု အရမ်းပျော်နေတယ် သည်းငယ်က သူ့ကိုမခေါ်ပေမယ့် သူ့ကိုလည်း မနှင်တာမို့ ရှောင်ကျန့်အရမ်းပျော်နေတယ်........

ပါလာတဲ့ဦးထုပ်ကို သည်းငယ်က မစောင်းပဲ သူ့ကို့စောင်းပေးလာတယ်။ သူငြင်းပေမယ့် သည်းငယ်ရဲ့ "ကိုယ့်အမှု့ဖြစ်သွားမာစိုးလို့"ဘုဘောက်စကားက သည်းငယ်သူ့ကိုစိတ်ပူတယ်ဆိုတာ သူသိတယ်(ဟယ် စွတ်ပဲနော် ဦးကျန့်🙄)

သည်းငယ်မောင်းတာ မြန်လွန်းတာလား သူကပဲ အိမ်မပြန်ချင်တာလားမသိပေမယ့် သည်းငယ်ငယ်ခါးကို ဖက်သွယ်လာရင်းနဲ့ အိမ်ပြန်ရောက်ခဲ့တယ်။

ဒေါ်လေးနဲ့ရှောင်ပါးမားကတော့ သူတို့သားနှစ်ယောက်ကိုကြည့်ပြီး ပြုံးနေလို့

အိမ်ရောက်ပြီဆိုပေမယ့် မဆင်းသေးသောဦးကျန့်ကြောင့် အိပ်များပျော်သွားတာလားလို့တောင် ရိပေါ်ထင်မိတယ်

"အိမ်ရောက်ပြီ ဆင်းတော့ "

သူစိမ်းမဆန်တတ်ပဲနဲ့ မစိမ်းကားပါနဲ့ သည်းငယ်ရာ

"အိမ်ရောက်ပြီ အိပ်ပျော်သွားတာလား"

တုံ့ပြန်စကားမလာသော ဦးကျန့်က တကယ်ကြီးအိပ်ပျော်သွားတာလား?

သူ့ခါးပေါ်က ဦးကျန့်လက်ကို သူလွှတ်ကာ ဖြည်းဖြည်းလေးနေရာရွေ့‌ပြီး ဦးကျန့်ဘက်ကိုလှည့်လာလိုက်တယ်....တကယ်ကြီး အိပ်ပျော်နေတာပဲ သူ့ထက်မသေးသော ခန္ဓာကိုယ်နဲ့မို့ ချီသွားမယ်ဆိုလည်း အဆင်မပြေ

U Zhan ( Completed )Where stories live. Discover now