Part-7

4K 239 21
                                    

Unicode

   ရှောင်ကျန့် သူဇီကိုဘယ်လို ဖြတ်ရမလဲ မသိတော့ဘူး။ သူဇီနဲ့ တွေ့ဖို့ချိန်းတိုင်း ဇီကတစ်မျိုးမဟုတ် တစ်မျိုးပတ်ရှောင်နေတာ

ဇီခံစားချက်ကို နားလည်ပေမယ့် သူလည်းအခု အိမ်ထောင်နဲ့မဟုတ်လား? ဒါ့အပြင် သူအခု သည်းငယ်ကို ချစ်နေပြီ။ အဲ့ကိစ္စနဲ့ သည်းငယ် စိတ်မကောင်းရမာ သူမလိုလား

ဒါပေမယ့် ဇီကိုအပြတ်ဖြတ်ဖို့လည်း ဇီကလုံးဝအတွေ့မခံတာမို့ သူဘာလုပ်ရမှန်းတောင် မသိတော့ဘူးးးးးး

သူငယ်ချင်းနဲ့တိုင်ပင်ဖို့ ယွီပင်းဘားကို သွားလိုက်သည်။

သို့ပေမယ့် မထင်မှတ်ပဲ မြင်ရတဲ့မြင်ကွင်းကြောင့် လူကစိတ်တိုချင်လာတယ်

ဟုတ်တယ် သူ့ရဲ့သည်းငယ်က သူငယ်ချင်းနှစ်ယောက်နဲ့ အရက်ထိုင်သောက်နေတာ ဘေးမာလည်း မိန်းကလေးတွေနဲ့

သည်းငယ်က အလိုမကျဟန် ရှိပေမယ့် သည်းငယ်ဘေးက ကောင်လေးနှစ်ယောက်ကတော့ မိန်းကလေးတွေနဲ့ ပျော်နေတဲ့ပုံ

ပေါ့ပျက်ပျက် မိန်းကလေးတွေက စိတ်ရဲလက်ရဲသလို သည်းငယ်ရင်ဘတ်ကို ထိဖို့လုပ်တော့

"တောက့်စ် " သီချင်းသံမကျယ်တာမို့ ရှောင်ကျန့်ရဲ့ တောက့်စ်ခေါက်သံကဟိန်းထွက်နေတာမို့ လူတွေက လည့်ကြည့်လာကြတယ်။ သည်းငယ်အပါအဝင်ပေါ့

"ဖြန်း "👋 သည်းငယ်ကို အီစီကလီလုပ်နေတဲ့ မိန်းကလေးက ရုတ်တရက် ပါးအရိုက်ခံရတော့ ကိုယ်ကယိုင်ခနဲ့

"ဦး ဦးကျန့်" ရိပေါ်ကတော့ ဦးကျန့်ကို လုပ်ရပ်ကြောင့် အသံပါထစ်နေပြီ

"ယူ မင်းကကိစ္စငါ့ကို လာရိုက်တာတုန်း"

ကျိယန်နဲ့ဟောက်ရွှမ်းတော့ ဦးကျန့်ရဲ့လုပ်ရပ်ကြောင့် မူးနေတာတောင် ပြေသွားတယ်

"သည်းငယ် သွားမယ်"

သူမမေးတာကို မဖြေပဲ ကောင်လေးရဲ့လက်ကို ဆွဲပြီး ထွက်သွားတဲ့ ဘဲကြီးကြောင့် ထိုမိန်းကလေးက စိတ်တိုသွားတယ် ။ ခုံပေါ်မာ ရှိနေတဲ့ အရက်ခွက်ကို ယူပြီး ထိုဘဲကြီးနောက်ကို ပက်လိုက်တော့ သူမကိုလည့်ကြည့်နေလိုက်များ လူသတ်တော့မယ့်အတိုင်းးးးး

U Zhan ( Completed )Where stories live. Discover now