Unicode
မနက်ကပြန်မယ်လို့ ဆိုတဲ့ရိပေါ်ကြောင့် ဟောက်ရွှမ်းမျက်စောင်းထိုးလိုက်သည်။တစ်ပတ်လောက် သွားမယ်ဆိုတဲ့ခရီးက ငါးရက်ပဲရှိသေးတာလေ ပြန်တော့မယ်တဲ့.....
တော်တော်ဖြစ်တာလို့ ပြောရင်လည်း ငါ့လိုfa
နားမလည်ဘူးဆိုပြီး ဘာညာကပါသေးတာမို့ ဟောက်ရွှမ်းသက်ပြင်းချနေရုံမှအပလူတွေက အသက်တွေ ကြီးလာရင် ရင့်ကျက်တတ်တယ်တဲ့ အလိုလိုက်ခံထားတဲ့ ရိပေါ်က ကလေးထက်ပိုဆိုးနေသလို
အခုတော့ ဘာဖြစ်ပြန်တာတုန်း စောနကအကောင်းသားကို အိပ်ချိန်နီးမှ ဘာထဖြစ်ပြန်တာ
"ရိပေါ် ဘာဖြစ်တာလဲဟာ မင်းကိုကြည့်ရတာ ငါစိတ်မချမ်းသာ လိုက်တာ"
ဦးကျန့်ပေါ့ အစ်ကိုကျိုးချန်တို့နဲ့ သွားသောက်မယ်ဆိုပြီး ဖုန်းခေါ်တာ မရလို့ ရိပေါ်ဝမ်းနည်းသွားတာ။ညနေအလုပ်ဆင်းတဲ့ အချိန်ကတည်းက သွားတာကို အခုည၈နာရီရောက်ပြီလေ သူ့ကိုမိနစ်ခြားပြီး ဆက်တတ်တဲ့ ဦးကျန့်က အခု၂နာရီတောင် ရှိနေပြီ သူ့ဖုန်းကို မကိုင်သေးတာမို့ သူကစိတ်ပူတာ
"ပြောပါဦး ရိပေါ်ရာ မင်းပြောမှ ငါလည်းမင်းကို ကူလို့ရရင်ရမာပေါ့"
"အီး😭😭ဟောက်ရွှမ်း ဦးကျန့်က သားကိုမချစ်တော့ဘူးထင်တယ်"
"ဟမ်"ငိုသံနဲ့အတူ ထွက်ပေါ်လာတဲ့ ရိပေါ်စကားကြောင့် ဟောက်ရွှမ်းဟမ်ကနဲ ဖြစ်ရပါတယ် ရိပေါ်က သူ့ကိုရွှဲ့နေတာလား? ဦးကျန့်က သူ့ကိုဒီလောက်ချစ်နေတာ ဘေးလူဖြစ်တဲ့သူတောင် သိနေတာကို သူကဘာလို့အဲ့လိုပြောရတာလဲ?
"မင်းကလည်း ပြောပါဦး"
"ဦးကျန့်က သားဖုန်းခေါ်တာ ၂နာရီရှိပြီ မကိုင်ဘူး နောက်ပြီးဦးကျန့်က အစ်ကိုကျိုးချန်တို့နဲ့ အရက်သွားသောက်မယ်ပြောသေးးးးးဦးကျန့်က ငါ့ကိုမချစ်တော့ဘူးလား"
"မဟုတ်တာ ရိပေါ်ရာ မင်းကလည်း လျှောက်မတွေးနဲ့"
ဟောက်ရွှမ်းမာ ဘယ်လိုပဲချော့ချော့ အငိုမတိတ်သော ရိပေါ်ကြောင့် ခေါင်းပါမူးချင်လာတယ်။ ရိပေါ်တွေးလည်း တွေးချင်စရာပါ မိနစ်ပိုင်းပဲခြားပြီး ဆက်လာတတ်တဲ့ ဘဲကြီးက အခုလိုမျိုးအရင်မဆက်သွယ်တဲ့အပြင် ခေါ်နေတာတောင် မကိုင်ပါမကိုင်တော့ သူလည်းပဲ ရိပေါ်လိုအတွေးများရပါတယ်....