Part :41

1.8K 104 3
                                    

Unicode

"ဦးကျန့် "

"သားငယ် နိူးပြီလား ဘယ်လိုနေသေးလဲ"

"မားး "

"သည်းငယ် နိူးပြီလား သက်သာပြီလား?"

ထမင်းစားပြီးလို့ ရေပါတစ်ခါတည်း သွားချိုးလိုက်တာမို့ နည်းနည်းကြာသွားတာထင်တယ် ရှောင်ကျန့် အခန်းထဲ ပြန်ဝင်လာတော့ သည်းငယ်က မားနဲ့စကားပြောပြီမို့ ရှောင်ကျန့် သည်းငယ်အနား ပြေးလာလိုက်သည်။

ရှောင်မားကတော့ သည်းလွန်းတဲ့ သူမသားကို အမြင်ကပ်ပုဒ်မနဲ့ မျက်စောင်းထိုးနေလိုက်သည်။

သားငယ်ကလည်း သူ့ဦးကျန့်ကို မြင်မှ မျက်နှာလေး ဝင်းလာတာမို့ ရှောင်မားပြုံးနေလိုက်၏။ သားတို့အခုလိုမျိုး အချင်းချင်းချစ်နေကြတာကိုမြင်တော့ ရှောင်မားအတော် စိတ်ချမ်းသာရတယ်

တသည်းငယ်တည်းချည်းပဲ ဖြစ်နေသော သားကျန့်ကြောင့် ရှောင်မား‌မူးချင်သလိုမို့ အောက်ထပ်ကို ဆင်းလာလိုက်သည်။

မားရှိသေးတာတောင် ဘယ်နှယ့် အဲ့လောက်ထိ သဲကဲနေကြတာ🤧

"သည်းငယ် နေကောင်းပြီလားခု "

"အွန်း ကောင်းသွားပြီ သားဆေးမထိုးဘူးနော် ဦးကျန့် "

သည်းငယ်စကားကြောင့် ရှောင်ကျန့်ပြုံးနေလိုက်သည်။ သည်းငယ်က ဆေးထိုးခဲ့တယ်ဆိုတာ သိခဲ့ရင် ထငိုသွားမာ သေချာတယ်

"တာပေါ့ ဦးကျန့်ရဲ့သည်းငယ်လေးက နေကောင်းနေပြီ ဆေးထိုးစရာမလိုတော့ဘူးး"

"ဟိဟိ...ဦးကျန့် သားချစ်တယ်နော်"

တဟိဟိနဲ့ရယ်ကာ သူ့ရင်ခွင်ထဲ တိုးဝင်လာတဲ့
အကောင်ပေါက်လေးကို ရှောင်ကျန့်ပေါင်ပေါ်မာ ထိုင်စေလိုက်သည်။ ဒီကလေးလေးက ကလေးလိုချင်တာတဲ့ ။ မေ့ပစ်ပေးပါ သည်းငယ်ဟမလာရင် ဦးကျန့်လည်း အစပြန်ဖော်မာ
မဟုတ်ဘူး ကျေးဇူးပြုပြီး မေ့ပစ်ပေးပါနော်။

နေကောင်းခါစမို့ ရှောင်မားလည်း သားကျန့်တို့အိမ်မာပဲ အိပ်ခဲ့တယ်။ သားငယ်ကြိုက်တာလေးကို ချက်ကျွေးဖို့ 
နေကောင်းပြီး နှစ်ရက်မာအကြာမာတော့ ရှောင်ကျန့်လည်း အလုပ်ပြန်သွားတယ်

U Zhan ( Completed )Where stories live. Discover now