Unicode
ရိပေါ်က လွှတ်ဖို့ပြောပေမယ့် ပိုတင်းကြပ်ကာ ဖက်လာတဲ့ ဦးကျန့်ကြောင့် ဦးကျန့်ကို ပြန်ဖက်သွယ်ဖို့ သူ့စိတ်ကိုမနည်းထိန်းနေရတယ်
"သည်းငယ် ဦးကျန့်ကို ယုံပါကွာ ဦးကျန့်တကယ်မသိဘူး အီး😭😭"
နောက်ဆုံးရိပေါ် မခံနိူင်တဲ့အဆုံး သူ့စိတ်ကိုလျော့ချဖို့ တွေးထားလိုက်တယ်။
"ဦးကျန့် "
"အီး😭😭ဦးကျန့်ကို မထားခဲ့ပါနဲ့ ဦးကျန့်တောင်းပန်ပါတယ် ဦးကျန့်ကိုမထားခဲ့ပါနဲ့"
"တော်ပါတော့ မငိုပါနဲ့တော့ "
မငိုပါနဲ့တော့ ဦးကျန့်ရယ် ဦးကျန့်ဒီလိုဆက်ငိုနေမယ်ဆို သားစိတ်ကို သားပြန်မနိူင်တော့ဘူး။
ဒါတွေအားလုံးက ဦးကျန့်လိုချင်တဲ့ အရာတွေ မဟုတ်လား ဘာဖြစ်လို့ သားမစွန့်လွှတ်နိူင်အောင် ငိုနေရတာလဲကွာဦးကျန့်သိလား ဦးကျန့်မျက်ရည် တစ်စက်ကျတိုင်း သားရင်ဘတ်ကို ဓားနဲ့ထိုးစိုက်ခံရသလို နာကျင်နေရတယ်ဆိုတာကို ဦးကျန့်သိလား သားကိုယ်တိုင်ပဲ ဦးကျန့်ကို ကွာရှင်းဖို့ ဆုံးဖြတ်ထားပေမယ့် အခုဦးကျန့်မျက်ရည်ကို သားကိုယ်တိုင်ပဲ သုတ်ပေးနေမိပြန်တယ်
သားက ဦးကျန့်ကို အဲ့သလောက်ထိ ချစ်တာ😭
"သည်းငယ် ဦးကျန့်တောင်းပန်ပါတယ်နော် အီး😭 သည်းငယ်မရှိပဲ ဦးကျန့်မနေနိူင်ဘူး ဦးကျန့်သည်းငယ်ကို ချစ်တယ် အရမ်းချစ်တယ်💔 😭"
ချစ်တာပေါ့ ဦးကျန့်ရာ သားလည်းဦးကျန့်ကို အရမ်းချစ်တယ် ချစ်လွန်းတာမို့ သေမလိုခံစားရပါတယ်ဆိုတာတော့ သူထုတ်မပြောတော့ဘူး
"ပြန်လိုက်ပါ အိမ်အရင်ပြန်လိုက်ပါ"
"ဟင့်အင့် မပြန်ဘူး မပြန်ဘူးနော် ဦးကျန့်ကို မထားခဲ့ပါနဲ့ "
ခက်တာပဲ ဦးကျန့်ရာ ဘာလို့ဒီလောက်ထိ ခေါင်းမာနေရတာလဲ။ တစ်ဖက်က မိန်းကလေးကို စာနာသင့်တယ်မဟုတ်လား
သူက ယောင်္ကျားလေးလေ နာကျင်ရပေမယ့် ခံနိူင်ရည်ရှိရမယ် ဟိုလိုဘာလိုလည်း ဖြစ်မသွားဘူး တစ်ဖက်မိန်းကလေးက အဲ့လိုမဟုတ်ဘူးလေ ပွင့်တတ်သလိုသီးလည်းသီးတတ်တယ်။ ဦးကျန့်က ယောင်္ကျားကောင်းတစ်ယောက်ပါကွာ ကိုယ်လုပ်ရင် ကိုယ်တာဝန်ပြန်ယူရမာလေ ဘာလို့အခုလိုမျိုး ခေါင်းမာနေရတာလဲကွာ