Unicode
တံခါးခေါက်သံကြောင့် အိပ်နေရင်းမှ ရိပေါ်တစ်ယောက် နိူးလာခဲ့တယ်။"ဦးကျန့် " မျက်လုံးတောင် သေသေချာချာ မဖွင့်နိူင်သေးတဲ့ ရိပေါ်က သူ့အိမ်မာရှိတယ် ထင်နေတဲ့ပုံ
လက်ကိုဆန့်ကာ ရှာကြည့်လိုက်တော့ မြင်တွေ့နေကျ ရင်ဘတ်ကြီးတစ်စုံမဟုတ်ပဲ အေးစက်စက် အိပ်ယာလေးမို့ မျက်လုံးကိုလက်နဲ့ပြန်ပွတ်ကာ နောက်ထပ်တစ်ခါလေး ပြန်ဖွင့်လိုက်တော့ သူ့တို့အခန်းထဲမဟုတ်ပဲ ခပ်စိမ်းစိမ်းနေရာလေးမို့ ဘေးကိုဝေ့သီကာ ကြည့်လိုက်တော့ ဟိုဘက်ကုတင်မာ အိပ်နေသေးသော ဟောက်ရွှမ်း
အဲ့မှ သူတို့ခရီးသွားနေတာပဲဆိုတာကို သတိရတဲ့ ရိပေါ်က ပြုံးနေလိုက်သည်။ဦးကျန့်အနမ်းနဲ့ နိူးနေကျမို့ မနက်နိူးထလာတိုင်း ဦးကျန့်လို့ အရင်ချွဲချင်မိတာ...ကျွန်
တော်အခု တကယ်အကျင့်ပျက်နေပြီပဲ ဖုန်းကိုယူကာ ကြည့်လိုက်တော့ ဦးကျန့်ရဲ့ missed callများစွာနဲ့ ည၆နာရီရှိနေပြီပြန်ခေါ်ဖို့လုပ်လိုက်တော့ ဦးကျန့်က မကိုင်...
တစ်ခါနှစ်ခါ အကြိမ်ပေါင်းများစွာခေါ်သော်လည်း မကိုင်တဲ့ဦးကျန့်ကြောင့် ရေချိုးတယ်အထင်နဲ့ ဟောက်ရွှမ်းကို နိူးဖို့လုပ်လိုက်တယ်။"ဟျောင့် ဟောက်ရွှမ်း ထတော့ ဟျောင့် ထတော့လို့"
"ပါး သားအိပ်ပါရစေ"
ဒီကောင်လည်း အိမ်မာရှိနေတယ်ထင်တဲ့ပုံ။ ချွဲနေတဲ့ပုံကိုက ငါ့လိုချစ်ဖို့လည်း ကောင်းမနေပဲနဲ့
"ဟျောင့် ထတော့ ဒါမင်းအိမ်အဟုတ်ဘူး"
"ဟမ်"
"ဟမ် မနေနဲ့ ထတော့ ရေသွားကစားရအောင်လေ"
ရေဆိုတာနဲ့ လစ်ခနဲထလာတဲ့ ဟောက်ရွှမ်းက ရိပေါ်ကို ဖက်လာတယ်
"မင်းကလည်းကွာ အစောကြီးနိူးနေတာ မဟုတ်ဘူး"
"ချီးကို စောစောနိူး ငါလည်းအခုမနိူးတာ"
"အင်းပါ သည်းငယ်ရာ သွားရအောင်"
ဟောက်ရွှမ်းရဲ့ သည်းငယ်ဆိုသောကြောင့် ရိပေါ်မျက်စောင်းထိုးကာ နှစ်ယောက်စလုံး အဝတ်အစားလဲပြီး ရေကစားဖို့ ထွက်သွားလိုက်သည်။