Part:23

3K 159 10
                                    

Unicode

  "သူက...ဘယ်သူလဲ?"

"ဟမ်...🙄"

သည်းငယ်စကားကြောင့် ရှောင်ကျန့်ရော ပါးမားပါ အားလုံးက ဟမ်ကနဲ🙄

"သည်းငယ် "

"မားးးးးသူကဘယ်သူလဲ မားသိလား ?"

"မသိဘူး မားလည်းမသိဘူး ယောင်္ကျားရော သိလား ဘာလို့ ကျွန်မတို့သားကို သည်းငယ်လို့ခေါ်နေတာပါလိမ့် လူလေး မင်းက ဘယ်သူလဲ....?

"မားးးးး" မားစကားကြောင့် ရှောင်ကျန့်နှင်တောင်နှင်သွားတယ်။ သည်းငယ်သာမက မားကပါ သူ့ကိုမသိသလို လုပ်နေတော့ ရှောင်ကျန့်ခေါင်းကုတ်ရပြီလေ။

ဒါလေးက သူ့ကိုအဖွဲ့လိုက် စိတ်ဆိုးနေတယ်ဆိုတဲ့ သဘောပေါ့

ရိပေါ်ကတော့ မားစကားကြောင့် ရီချင်တာကို မနည်းထိန်းနေရတယ်

အခြေအနေကို လိုက်လို့မမှီတဲ့ ရှောင်ပါးက သူ့မိန်းမစကားကိုတော့ ခေါင်းညိတ်ထောက်ခံရှာတာလေ.....။

"လာ သားမားတို့ TVပြန်ကြည့်ရအောင် လူလေးအိမ်မှားတာ နေမယ် "

"မားးး!!"

"ဟဲ့ လူလေး မင်းကဘယ်သူ့မို့လို့ ငါ့ကိုလာအော်တာလဲ"

ရိပေါ်ကတော့ ဘာမှမသိသလို နေကြာစေ့စားပြီး ဆိုင်ကယ်ပြိုင်ပွဲတွေ ဆက်ကြည့်နေသတဲ့

မားတို့ကလည်း အရင်က ဆိုင်ကယ်ပြိုင်ပွဲတောင်မပြောနဲ့ ဆိုင်ကယ်အသံကြားတာတောင် နာငြီးတယ်လို့ အော်ပြောနေတာ သူတို့မဟုတ်တဲ့အတိုင်း ပါးရောဘယ်ထူးမလဲ...အခုတော့ နားလည်သလိုလို ကြိုက်သလိုလိုနဲ့ မကြည့်ဖူးတဲ့ ဆိုင်ကယ်ပြိုင်ပွဲကို နေကြာစေ့ခွာစားပြီး သည်းငယ်နဲ့အတူ ကြည့်နေတာတဲ့လေ.....

ဘယ်လိုတွေ ဖြစ်ကုန်တာလဲ သည်းငယ်တစ်ယောက်တည်းဆို တော်ရော့ပေါ့🤧🤧🤧

"သည်းငယ် "

မကြည့်ဘူး လည့်မကြည့်ဘူး တော်တော်ကို နေနိူင်တဲ့ ရှောင်ကျန့်ရဲ့ သည်းငယ်

ရှောင်ကျန့်တော့ ပါလာတဲ့အထုပ်ကို ခုံပေါ်မာ ချပြီး သည်းငယ်ရှေ့ကို ဒူးထောက်ထိုင်ချလိုက်သည်။

U Zhan ( Completed )Where stories live. Discover now