Unicode
ဦးကျန့်ယူလာပေးတဲ့ မုန့်ကို ထိုင်စားနေတဲ့ ရိပေါ်လေးက တကယ့်ကို ကလေးလေးအတိုင်း သူလုပ်ချင်တာ လုပ်ရတာနဲ့ သူလေးစားချင်တာ ရှိရင် လူကိုအလှဆုံးလေး ပြုံးပြတတ်သည်။
လိမ်ညာဟန်ဆောင် နေတာမျိုးမရှိပဲ သူအမှားတစ်ခုခု လုပ်မိရင် အဆူမခံရအောင် အရင်ငိုတတ်သေး
အားလုံးရဲ့ ချစ်စရာကောင်းတာတွေ သည်းငယ်ဆီမာ လာစုသည့်အလား ရှောင်ကျန့်ရဲ့သည်းငယ်လေးက အရမ်းးးးးအရမ်းချစ်ဖို့ ကောင်းနေတာ
"ဒေါက် ဒေါက် "
"ဝင်ခဲ့ "
"မောင်လေး ကျဲလာတယ် အားးးးးဒါဘယ်သူလေးလဲ ဘာလို့အဲ့လောက်ထိ ချစ်ဖို့ကောင်းနေတာလဲ ဟမ်"
"ဟီး ကျဲ "
ဝင်လာတာနဲ့ ရှောင်ကျန့်ကို မမြင်ပဲ ရိပေါ်ဆီပြေးသွားတဲ့ အယ်ရီကို ရှောင်ကျန့်ကြောင်ကြည့်နေမိတယ်။ပြီးမှ သတိရသလိုနဲ့ အလုပ်စားပွဲကနေ သူ့သည်းငယ်ဆီ ပြေးသွားလိုက်သည်
"ဘာလာလုပ်တာလဲ အယ်ရီ"
"မောင်လေး ဒီမာကြည့် ဘာတွေပါလာတာထင်လဲ"
ကျဲပြလာသော Legoအထုပ်လေးကိုမြင်တော့ ချက်ချင်းကြီး မျက်လုံးလေးဘလင်းဘလင်းဖြစ်လာတဲ့ရိပေါ်
ရှောင်ကျန့်တော့ သူမေးတာမဖြေပဲ သည်းငယ်ကိုပဲ စကားပြောနေတဲ့ အယ်ရီကို မောင်းထုတ်ချင်နေပြီ
"အယ်ရီ အလုပ်ကိစ္စလည်းမရှိပဲနဲ့ ပြန်တော့"
"ကျဲရဲ့မောင်လေးလေးက ဆံပင်ပါအရောင်ဆိုးလိုက်တော့ တကယ့်ကို ကလေးလေးပဲ ချစ်ဖို့ကောင်းလိုက်တာ ဒါမောင်းလေးကိုပေးတာ"
"ဟီး ရှဲရှဲ ကျယ်ကျဲ"
"အိုက်ယိုးးးးးအသဲယားလိုက်တာနော်"
"အယ်ရီ!! "
သည်းငယ်ပါးကို အသဲယားလို့ ဆွဲနေတဲ့အယ်ရီကို ရှောင်ကျန့်အော်လိုက်တော့ ရှောင်ကျန့်ကို
ကြည့်လာလိုက်တာများ မသိရင် ရှောင်ကျန့်ပဲ သူ့အပိုင်ကို လာထိသလို ဒီနှာဘူးမက အတော်လွန်တာ"သည်းငယ် လာဦးကျန့်တို့ ဟိုမာသွားထိုင်ရအောင်"
"ဦးးးကျန့်"