Part:14

3.2K 191 5
                                    

Unicode

မနေ့ညက မားကသည်းငယ်ကို သတိရတယ်လို့ ဆိုတာကြောင့် ဒီညရှောင်ကျန့်မားတို့အိမ်မာ သွားအိပ်ဖို့လုပ်လိုက်တယ်။

နေ့တစ်ဝက်ကျော် အလုပ်လုပ်ပြီး ညနေသုံးနာရီလောက်မာ နှစ်ယောက်စလုံးက အလုပ်ဆင်းလာခဲ့တယ်။ သည်းငယ်က သူ့အလုပ်လုပ်တဲ့ ဟိုက်ခွမ်းထမင်းဆိုင် သွားချင်တယ်ဆိုလို့ နှစ်ယောက်အတူသွားလိုက်၏

"ဦးကျန့် သားအလုပ်မထွက်ချင်ဘူး"

"မရဘူးလေ သည်းငယ်ရဲ့ သည်းငယ်ပင်ပန်းနေတာတွေ ဦးကျန့်ရပ်ပြီး ကြည်မနေနိူင်ဘူး နောက်ပြီး အကြွေးပြန်ဆပ်ဖို့ ခေါင်းထဲကနေထုတ်လိုက် ဦးကျန့်အရင်က ပြောမိတာတွေ ဦးကျန့်တောင်းပန်ပါတယ်။ ည၈နာရီလောက်မှ အိမ်ပြန်ရတဲ့ သည်းငယ်ကို ဦးကျန့်စိတ်ပူတယ်။ ‌အလုပ်လုပ်ချင်တယ်ဆို ဒေါ်လေးကို ကူပေးနေပြီးသားလေ အချိန်ပိုင်းတွေ လုပ်စရာမလိုဘူး။ အမှန်ဆို ဦးကျန့်က သည်းငယ်ကို ဘာမှလုပ်စေချင်တာမဟုတ်....
ဒေါ်လေးဆီမာမို့သာ ဦးကျန့်ခွင့်ပြုလိုက်တာ
မလုပ်ပါနဲ့တော့နော်....ဦးကျန့်ရှာထားတာတွေ အကုန်လုံးက သည်းငယ်အတွက်ချည်းပဲ
သည်းငယ်ကြိုက်သလို လိုသလိုသုံးနိူင်တယ်၊
ဦးကျန့်ကို ပြန်ပေးချင်တယ်ဆိုရင် ဦးကျန့်ဆီယူပြီးပြန်ပေးပါ....ဒါတွေအားလုံးက သည်းငယ်ပိုင်တာချည်းပဲ ဟုတ်ပြီလား မလုပ်ပါနဲ့တော့နော် ဦးကျန့်တောင်းပန်ပါတယ်"

အသံအေးအေးလေးဆိုပေမယ့် ပြောလာတဲ့ဦးကျန့်က စိုးရိမ်‌မှု့အထင်းသားဆိုတာ ရိပေါ်ခံစားရပါတယ်။

"မငိုပါနဲ့လေဟာ ဦးကျန့်က ငိုစေချင်တာမှမဟုတ်တာကို"

မျက်ရည်တွေ သုတ်ပေးရင်းနဲ့ ဆိုလာတဲ့ဦးကျန့်ကို သားချစ်လိုက်တာ

"ဦးကျန့် သားကိုအရမ်းချစ်တာပဲလား?"

"မေးစရာလိုသေးလို့ သည်းငယ်ရာ ဦးကျန့်တို့တွေ့ဆုံမှု့က နောက်ကျချင်နောက်ကျလိမ့်မယ် ဒါတွေကလည်း အတိတ်မာကျန်ခဲ့ပြီ ၊ ပြစ်ချက်ရယ်ဆိုတာမရှိပဲ ပစ္စုပ္ပန် မှာကောချစ်နေဆဲချစ်နေမြဲဖြစ်သလို အနာဂတ်မှာလည်းပိုတိုးလို့ချစ်ပါ့မယ်ဆိုတာ သည်းငယ်တစ်ယောက်တည်းပဲ ရှိတာပါကွာ ၊
ယုံပါလို့လည်း ဦးကျန့်မပြောတာမို့ သည်းငယ်ယုံနိူင်အောင် ဦးကျန့်အချစ်တွေနဲ့ သက်သေပြသွားမာပါ အဲ့တော့သည်းငယ်က မငြီးမငြူပဲ ဦးကျန့်ပေးတဲ့အချစ်ကို လက်ခံပေး ဟုတ်ပြီလား"

U Zhan ( Completed )Where stories live. Discover now