Unicode
"ဦးကျန့် !!!"
"ပြောလေ အခုလို ဝတ်စားနေတာ ဘာသ
ဘောလဲ ဟမ်"ရိပေါ်သူ့အဝတ်သူ ပြန်ကြည့်ပြီး နားမလည်သလို ဖြစ်သွားတယ်။ သူဝတ်တာ ဘာဖြစ်လို့လဲ အဟိုက်တို့အပြဲတို့ ဝတ်နေတာလည်း မဟုတ် နောက်ပြီး အဲ့လိုဝတ်ခဲ့ရင်လည်း သူက ယောင်္ကျားလေးလေ....ဦးကျန့်က အဲ့တာကို ဘာလို့စိတ်ဆိုးတာနဲ့မတူပဲ စိတ်တိုနေရတာလဲ
နောက်ပြီး သူ့ကိုလည်း မယုံသလိုမျိုးပြောနေတာ
"ဦးကျန့် သားကိုစော်ကားနေတာလား ?"
"ကိုယ့်အပြစ်နဲ့ ကိုယ်သိလေ သွားအဝတ်အစားသွားလဲပြီး ထမင်းလာစား"
ရုပ်တည်ကြီးနဲ့ သူမေးတာ ပြန်မဖြေပဲ ပြောချင်ရာပြောပြီး ထွက်သွားတဲ့ ဦးကျန့်ကို ရိပေါ်အကြောင်သား ငေးနေမိသည်။
ဦးကျန့်က သူ့ကိုစော်ကားတာလား စိတ်ပူတာလား??🤔🤔( အင့်လေ အနန်းလည်းနားမလည်😁)
ဒေါသထွက်ပြီး စိတ်ထဲတွေးနေတာကို အပြင်မာ ထုတ်ပြောမိတော့ သည်းငယ်စိတ်မကောင်း ဖြစ်ရမာလည်း စိုးရိမ်ရတာမို့ စကားလမ်းကြောင်း အမြန်လွှဲရတာ
တော်ကြာ သူ့ကိုပြန်စိတ်ဆိုးနေမြှဖင့်.....
"မကြားဘူးလား ဘာလို့ရပ်နေတာလဲ လာလေ"
စိတ်ဆိုးတဲ့ အသံနဲ့ ရှင်းရှင်းလင်းလင်း ကြားရပြန်တဲ့ ဦးကျန့်အသံမှ ရိပေါ်အသိပြန်ကပ်လာတယ်
"ဟီး ဦးကျန့် ဟီးဟီး သားဗိုက်မဆာဘူး ဟီးဟီး သားအပေါ် တက်တော့မယ်နော် "
စိတ်ဆိုးစမ်း ရှောင်ကျန့်စိတ်ဆိုးစမ်း သည်းငယ်ရဲ့ အသဲယားစရာအပြုအမူနဲ့ မင်းအလျှော့မပေးနဲ့ စိတ်ဆိုးစိတ်ဆိုးးးးးးး
"ငါ့စကားကို နားမထောင်တာလားဟမ် "
ငါလို့ပါလာပြီဆိုတော့ သားရဲ့ဦးကျန့်က စိတ်ဆိုးနေတဲ့ ဒီဂရီက အမြင့်ဆုံးရောက်နေပြီဆိုတာ ရိပ်မိတာမို့ ရိပေါ်ဆိုင်ကယ် ဦးထုပ်ကို ချကာ ဦးကျန့်နားမာ ထိုင်ပြီး ထမင်းစားလိုက်သည်။
သားလိုချောတာလည်း မဟုတ်ပဲနဲ့ ရုပ်တည်ကြီးနက် ဦးကျန့်ကို သားကြောက်တယ်လေ
မတော်လို့ သားကို ထထိုးနေမြှဖင့်....(တွေးတတ်လိုက်တာ သည်းငယ်ရာ😏)