Unicode
ရိပေါ်အိမ်ပြန်ရောက်လာတာနဲ့ ဦးကျန့်ကားကလည်း အပြင်ကနေပြန်လာတာ အတော်ပဲမို့ ရိပေါ်အိမ်ထဲမဝင်သေးပဲ ဦးကျန့်ကိုစောင့်ဖို့ လုပ်လိုက်သည်။
ဦးကျန့်က ဒီညနောက်ကျနေတာပဲ....
"ဦးကျန့် ပြန်လာပြီလား "
"ဟုတ် သည်းငယ် ဦးကျန့်အသ်ိတစ်ယောက်နဲ့ တွေ့လို့နောက်ကျသွားတာ"
"အော်" ဦးကျန့်က အသိလို့ပြောတာနဲ့ ရိပေါ်ကျဲကို ပြေးမြင်မိတယ်။ ဦးကျန့်က အခုထိကျဲကို ချစ်နေသေးတယ်ထင်တယ်
"သည်းငယ် အထဲဝင်လေ ဒီညဦးကျန့်ထမင်းစားလာပြီ သည်းငယ်တစ်ယောက်တည်းပဲ စားတော့နော်"
ထင်ပြီးသားဆိုပေမယ့် တကယ်တမ်းကြားရလာတော့ လူကဝမ်းနည်းလာသလို
"ရ ရပါတယ် ဦးကျန့် ကျွန်တော်လည်း စားပြီးပြီ"
မစားရသေးပေမယ့် တစ်ယောက်တည်းထိုင်စားရမာတွေးပြီး စားချင်စိတ်မရှိတော့တာမို့ ဦးကျန့်ကိုလိမ်လိုက်တာ။
ဦးကျန့်ရေ ကျွန်တော့ အခုအကျင့်ပျက်ချင်လာပြီ...ဦးကျန့် ကျွန်တော့ကို စိတ်မဆိုးရဘူးနော်အိမ်ရှေ့လေးတင် ဆိုပေမယ့် ဦးကျန့်နဲ့အတူ ဝင်လာရတာမို့ ကြည်နူးနေရပါတယ်
အပေါ်ထပ်ကို ရောက်တာနဲ့ ဦးကျန့်က သူ့ကိုကုတင်ပေါ်မာ ထိုင်စေပြီး ဦးကျန့်ကတော့ ရေချိုးဖို့အတွက် ရေနွေးသွားစပ်တယ်....
အဲ့ညကိစ္စ ပြီးတဲ့နောက် ဦးကျန့်က သူ့ကိုဦးကျန့်အခန်းထဲမာပဲ ခေါ်အိပ်တယ်ငြင်းလည်းမရတာမို့ သူအခုဆို ဦးကျန့်နဲ့အတူဦးကျန့်အခန်းထဲမာပဲ အိပ်ဖြစ်တော့တယ်။ ချစ်ရသူနဲ့ ရင်ခွင်ထဲမာ အိပ်စက်နေရတော့ ဝမ်ရိပေါ်ရဲ့ အိပ်မက်ကလေးတွေက လှပြီးရင်းလှနေသတဲ့
ဦးကျန့်က သူ့ကိုချစ်တယ်လို့ ဖွင့်မပြောပေမယ့် ဦးကျန့်ကဂရုစိုက် ကြင်နာပေးတော့ သူနွေးထွေးရပြန်တယ်။
"သည်းငယ် ရေသွားချိုးတော့လေ"
"ဟုတ် ဦးကျန့်"
ကုတင်ပေါ်မာ အတွေးလွန်နေပုံရသော သည်းငယ်ကို ရှောင်ကျန့်ကရေချိုးစေလိုက်သည်။ သူကတော့ သည်းငယ်ဝတ်ဖို့ ညအိပ်ဝတ်စုံ အဆင်သင့်ဖြစ်အောင် ထုတ်ပေးထား
၏
အခုလိုမျိုး ကိစ္စသေးသေးလေးတွေကအစ သည်းငယ်ကို လုပ်ပေးရခဲ့လို့ အရမ်းကြည်နူးရပါသည်။