Part :27

2.3K 136 10
                                    

Unicode

     စိတ်တိုတိုနဲ့ပြန်ထွက်သွားတဲ့ ဇီမားကို ကျစ်ရှဇီတစ်ယောက် သူမမားနောက် ပြေးလိုက် လိုက်သည်။ မားက သွေးတိုးသမားလေ တစ်ခုခုဖြစ်သွားမာလည်း စိုးရတယ်...
တောင်းပန်ပါတယ် ဇီအမှားလုပ်ခဲ့တာ မှန်ပေမယ့် ဒီလောက်နဲ့ကျေလိုက်ပါလား လောကကြီး
ရေ မဟုတ်ရင် ဇီတစ်ယောက်ကိုပဲ အပြစ်ပေးလိုက်ပါလား? ဇီပဲမှားတာမို့ ဇီတစ်ယောက်
တည်းကိုပဲ အပြစ်ပေးပါ မားတို့ကိုပါ ဆွဲမထည့်ပါနဲ့လား
ဇီမာ မားနဲ့ပါးပဲ ရှိတာမို......😥

ကလေးက သားကျန့်နဲ့မဆိုင်မှန်းသိပေမယ့် သူ့လိုပြီးပြည့်စုံတဲ့ ကောင်လေးမျိုး စွန့်လွှတ်ရမာ အရမ်းနှမြောလို့ ဇီမားက သူမ ယောင်္ကျားနဲ့သမီး မသိအောင် သွားလိုက်တာကို အားနာတတ်တဲ့သားကျန့်နဲ့ အဆင်ပြေမယ်လို့ပဲ ထင်ထားခဲ့တာ ဘယ်သူက ထင်မာလဲ ‌သားကျန့်က အဲ့လောက်ထိ ပြောလာလိမ့်မယ်လို့
ပြောနေလိုက်တာ အောက်တန်းစားမမို့ လမ်းဘေးကကောင်တဲ့လေ ဒီစကားနဲ့တင် သူမတို့တစ်မိသားစုလုံးကို အသေသတ်နေသလို ဖြစ်နေပြီ
တုံးလိုက်တဲ့ သမီး အလိုက်တဲ့သမီး အဖြစ်မရှိလိုက်တာ ငါးနှစ်ကျော်တွဲလာပြီးတောင် ဒါလေးတာင် မလုပ်နိူင်ဘူး
အခုတော့ သူမတို့အကြွေးကို ဘယ်သူက လာဆပ်ပေးတော့မာလဲ....

"မား ဇီတောင်းပန်ပါတယ် ဒီစကားကလွဲရင် ဇီမာ ဘာပြောစရာမရှိဘူး ဇီတောင်းပန်ပါတယ်"

ကျစ်ရှဇီရဲ့စကားကို ပြန်လည်ဖြေကြားခြင်းလည်း မရှိသလို ဒေါသထွက်တာ မဟုတ်တော့ပဲ ငြိမ်သက်နေသော မားကြောင့် မားရှေ့မာ သူမဒူးထောက်ချလိုက်သည်

"သမီးအပြစ်နဲ့မို့ ဇီကျေကျေနပ်နပ် ခံယူမာပါ ဒီကလေးကိုတော့ သမီးမဆုံးရှုံးနိူင်ဘူး သမီးရအောင် မွေးမာပါ တောင်းပန်ပါတယ်မား"

ကျစ်ရှဇီ သူမမားကို ကန်တော့ပြီး ထွက်သွားလိုက်သည်။ပါးကိုတော့ သူမ မစောင့်တော့ဘူး
ဒီလောက်နဲ့တင် ပါးမားတို့ စိတ်ဆင်းရဲနေရပြီမလား? ကျန်းမာရေး ဂရုစိုက်ပါ ပါးမား

သမီးကို ခွင့်လွှတ်ပေးဖို့ မတောင်းဆိုပေမယ့် သမီးကို လာမရှာပါနဲ့လို့ တောင်းဆိုပါတယ်

U Zhan ( Completed )Where stories live. Discover now