Unicode
ရှောင်ကျန့်နဲ့ရိပေါ် ကုမ္ပဏီရောက်ရောက်ခြင်း ကားဆင်းတာနဲ့ ဝန်ထမ်းတွေ အားလုံးက ခေါင်းငုံ့ပြီး နှုတ်ဆက်နေတယ်.......
"နင်းဟောင် CEO, နီးဟောင် အစ်ကိုလေး"
(您နင်းက အထက်လူကြီးကို ယဉ်ကျေးသောအနေနဲ့သုံးတာ )"ဟုတ် နီးဟောင် " နင်းဟောင် ကျဲကော့မန်း"
"မပြုံးနဲ့ "
ဦးကျန့်က သူ့လက်ကိုဆုပ်ကိုင်ပြီး သူ့မျက်နှာနီးကပ်စွာ ပြောလာတာမို့ ရိပေါ်ကျန်လက်တစ်ဖက်နဲ့ သူ့ပါးစပ်ကို သူအမြန်ပိတ်နေမိသည်။
"လိမ္မာတယ် "
သူ့ခေါင်းကို ပုတ်ကာ ဆိုလာသော ဦးကျန့်ကြောင့် ရိပေါ်မျက်စောင်းထိုးနေလိုက်သည်။အဲ့လောက်လည်း သဝန်မတိုပါနဲ့ ဦးကျန့်ရာ သားက ဦးကျန့်ကိုပဲ ချစ်တာမို့ အဲ့လိုနေရာတိုင်းမာ လိုက်သဝန်တိုနေရင် ဦးကျန့်ပင်ပန်းမာပေါ့...
လက်ခြင်းတွဲပြီး အထဲကို ဝင်သွားတဲ့ CEO
တို့ လင်လင်အတွဲကို ကြည့်ပြီး ဝန်ထမ်းတွေက အားကျနေသောမျက်လုံးတွေနဲ့...နေ့တိုင်းလိုလို မြင်တွေ့နေရတာတောင် ဒီမြင်ကွင်းက ရိုးမသွားနိူင်
ယောင်္ကျားလေးခြင်းဆိုပေမယ့် နတ်ဖက်ဖူးစာဆိုသလို အရမ်းကိုလိုက်ဖက်တာ....
CEOက ရုပ်တည်တည်နဲ့ နေတတ်ပေမယ့် အစ်ကိုလေးက ချစ်စရာအရမ်းကောင်းတယ်
ကမ္ဘာပေါ်က ရှိသမျှလူတွေ မဟုတ်ရင်တောင် မြင်ဖူးသူတိုင်းရဲ့ မျက်လုံးထဲမာတော့ CEOတို့အချစ်ကို အားကျပြီးလေးစားနေမာအမှန်......
ရုံးခန်းထဲ ရောက်တာနဲ့ သည်းငယ်က ကုတင်ပေါ်မာ ပြေးတက်တာမို့ ရှောင်ကျန့် အပေါ်ကုတ်ကို ချွတ်ပြီး သူ့သည်းငယ်ဖိနပ်ကို သွားချွတ်ပေးလိုက်သည်။
ဘွတ်ဖိနပ်နဲ့ဆို သည်းငယ်နေရမာ မလွတ်လပ်မာစိုးလို့....
"ဦးကျန့် ရှဲ့ရှဲ့ "
"အင်း ဖုန်းကို အရမ်းနီးကပ်ပြီး မကြည့်နဲ့နော် မျက်လုံးနာမယ် "
"ဟုတ် "
"အားဆေးယူမယ်နော် " သူစကားဆုံးတာနဲ့ နှုတ်ခမ်းလေး ထော်လာပေးတဲ့ သည်းငယ်ကြောင့် ရှောင်ကျန့် အချစ်ပိုရပြန်တယ်