Part:15

3.2K 175 20
                                    

Unicode

  ရှောင်ကျန့်နဲ့ရိပေါ်ရဲ့ ပိတ်ရက်လေးကတော့ သူမား‌တို့အိမ်မာပဲ နေဖို့ဆုံးဖြတ်လိုက်တယ်။

"သည်းငယ် ရေသွားချိုးတော့ ဦးကျန့်ရေစပ်ပေးပြီးပြီ အကြာကြီးမချိုးနဲ့နော် ဦးကျန့်ချိုးပေးရမလား"

"နေနေ သားဘာသာချိုးမယ် နှာဘူးကြီး "

"သည်းငယ်ကိုပဲ ဗူး‌တာနော် သည်းငယ်မဟုတ်ရင် ဗူးနေတာလေးကို အဖုံးတောင်မဖွင့်ဘူး"

"ဘာတွေလာပြောနေတာလဲ ရေချိုးပြီ"

"ထနိူင်ရဲ့လား ဦးကျန့်ချီမယ်"

"အဖိုးကြီး အရှက်လည်းမရှိဘူး မားကိုသွားကူတော့"

"သည်းငယ်နော် အဖိုးကြီးမကြီးဆိုတာ သည်းငယ်အသိဆုံး"

"ဦးကျန့် "

သူ့ကိုမျက်စောင်းထိုးကာ မျက်နှာလေးနီစွာနဲ့ ထော့ခနဲထော့ခနဲ ရေးချိုးခန်း‌သွားနေသော သည်းငယ်ကို ရှောင်ကျန့်ချစ်မဝစိတ်နဲ့ လိုက်ကြည့်နေလိုက်သည်။ ဒီလိုချစ်ဖို့ကောင်းနေသောကြောင့် အခုလိုသွားနေရတာပေါ့ သည်းငယ်ရာ

သည်းငယ်ဝတ်ဖို့ အဝတ်အစားထုတ်ပြီးတာနဲ့ရေချိုးခန်းထဲက သည်းငယ်ကို လှမ်းအော်ကာ မားကိုသွားကူဖို့ အိမ်အောက်ဆင်းလိုက်၏

သူ့ကိုမြင်တာနဲ့ မားကရှက်နေသလိုလိုမို့ ဘာဖြစ်တာလဲဆိုပြီး လှမ်းမေးရတယ်

မားကိုကူဖို့ဆင်းလာပေမယ့် အကုန်လုပ်ပြီးသားမို့ သည်းငယ်ဖို့ နွားနို့သွားကျိုပေးလိုက်သည်။သည်းငယ်လေးက နေ့စဉ်ပုံမှန် နို့နှစ်ခွက်သောက်တတ်တယ်။ မနက်တစ်ခွက်နဲ့ ညအိပ်ယာမဝင်ခင် တစ်ခွက်သောက်တတ်တယ်။
အဲ့ဒါကြောင့်  သူနမ်းတဲ့အချိန်ရော သည်းငယ်ရဲ့ကိုယ်သင်းရနံ့ပါ နို့နံ့သင်းသင်းရနေတာ  ဦးကျန့်ရဲ့ သည်းငယ်ပိစိလေးးးးး

နို့ကျိုလို့ပြီးတာနဲ့ အပေါ်ထပ်က ဆင်းလာတဲ့သည်းငယ်က ခေါင်းပေါ်မာလည်း သဘတ်တစ်ထည်နဲ့

"မား ပါး "

ကြည့် လာပြန်ပြီ မားနဲ့ပါးကိုပဲ အရင်ခေါ်ပြန်တယ်။

U Zhan ( Completed )Donde viven las historias. Descúbrelo ahora