Unicode
ဟောက်ရွှမ်းပေးသောဖုန်းကို သူ့ရဲ့မွေးနေ့နံပါတ်နှိပ်ထည့်လိုက်တော့ တန်းခနဲဖွင့်လာတဲ့ သော့ခလောက်လေးကြောင့် မျက်ရည်ကျပြီးရင်း ကျရပါတယ်
သည်းငယ်က သူ့ကို ဒီလောက်ထိချစ်တာပဲလားဆိုပြီး ကြည်နူးရပေမယ့် အရမ်းနာကျင်ရပြန်တယ်....သူ့ကြောင့် သူအနေအထိုင် မတတ်ကြောင့် အခုလိုဖြစ်ရတာ
ဟောက်ရွှမ်းပြောသလိုမျိုး ဇီ သည်းငယ်ဆီကို ပို့လာပေးသော ပုံတွေကြောင့် သူ့ကိုယ်သူသာ သတ်ပစ်ချင်လောက်ထိ ဖြစ်သွားရပါတယ်....သူသာ အဲ့လိုအောက်တန်းစားမကို မပတ်သက်ခဲ့ရင် အခုလိုမျိုး ဖြစ်လာမာ မဟုတ်ဘူး
ဇီပို့ပေးတဲ့ပုံတွေက များသလို သည်းငယ်ကို စကားလုံးတွေနဲ့ ပြောဆိုခဲ့တာတွေလည်း အတော်များနေတာ .... နောက်ပြီး သည်းငယ်ကို သူနဲ့လမ်းခွဲခိုင်းတာတဲ့ ဒီစာကြောင်းကို မြင်ပြီး ရှောင်ကျန့်မာ အသားတွေတစ်စက်စက်တုန်ပြီး ဇီကိုအရိုးကြေတဲ့အထိ သတ်ပစ်လိုက်ချင်တာ။ သူမက ဘာလို့အဲ့လောက်ထိ ယုတ်မာနေရပါလိမ့်
သူက မဆိုးတဲ့ဆက်ဆံရေး ရှိဖူးလို့ သနားပြီး အားနာနေခဲ့တာ ။သူမစိတ်ဓာတ်က အဲ့လောက်ထိ အောက်တန်းကျလိမ့်မယ်လို့ သူမသိ
ဇီပို့ပေးတဲ့ ပုံတွေက သူသည်းငယ်ကို ဖွင့်ပြောပြီးလို့ ဇီကိုအားနာတယ်ဆိုပြီး ဇီသဘောအတိုင်း ငါးလတွဲပေးနေတဲ့ အချိန်ပဲ...ဒါဆို အရမ်းတွေ ကြာနေပြီ သည်းငယ်က သူ့ကိုမပြောပဲ တစ်ယောက်တည်း ဘယ်လောက်တောင် ကြိတ်ခံစားနေရမလဲ....ဒါတွေကို သူကမသိပဲ ဇီကိုအားနားပြီးရင်း အားနာနေတာ
သူအတော် အနေခဲ့တာပဲ....
"လူယုတ်မာ သားမိုက် ဖြန်း👋"
ရှောင်ကျန့်မာ ရုတ်တရက် လူယုတ်မာသားမိုက်ဆိုပြီး လာရိုက်တဲ့မားကြောင့် မားကိုတောင်းပန်ကာ မားကိုအကူအညီတောင်းလိုက်တယ်
"မား သည်းငယ်ကို ကူပြောပေးပါ"
"မင်းရဲ့ အဲ့ဇီဆီ သွားပါ ငါ့သားနားမာ နေစရာ မလိုဘူး "
"မား သားတကယ်မသိတာ "
"တိတ်စမ်း မင်းမသိလို့သာ အိပ်ရာပေါ် ခေါ်အိပ်ခဲ့တာမလား မင်းသာသိခဲ့ရင် ပါးမားရော မင်းရိုသေဦးမလား မေ့သားပဲ မင်းဆိုတာက ဇီမှတဇီ ဇီချည်းပဲ မြင်နေတာကို ထွက်သွား "