Part :31

2.1K 133 5
                                    

Unicode

"တောင်းပန်ပါတယ် ကျွန်တော် တောင်းပန်ပါတယ်"

"သည်းငယ် "

ရှောင်ကျန့်မာ ကိုယ့်ကိုယ်ကို ကျွန်တော်လို့ ပြန်သုံးလိုက်သော သည်းငယ်ကြောင့် ဆစ်ခနဲ နာကျင်ပြန်တဲ့ သူ့နှလုံးသား

"ဦးကျန့် တောင်းပန်ပါတယ် ဦးကျန့်တောင်းပန်ပါတယ် သည်းငယ်ကို အော်ခဲ့မိတဲ့အတွက် ဦးကျန့်တောင်းပန်ပါတယ် "

"ရပါတယ် ဘာမှမဖြစ်ဘူး "

ဆေးထိုးတာ နာလားမနားလားဆိုတာ ရိပေါ်မခံစားမိ....ဦးကျန့်ရဲ့ သူစိမ်းဆန်ဆန်စကားက သူ့ရင်ဘတ်သာမက သူ့တစ်ကိုယ်လုံးပါ ထုံနေသလို ခံစားရတာမို့ ဆရာကဆေးထိုးလား မထိုးလားဆိုတာ သူမသိ

"ဦးကျန့်.... "

"ကျွန်တော် အိပ်ချင်တယ် " ရိပေါ်အခု ဦးကျန့်စကားကို မကြားချင်သေးဘူး ထပ်မပြောပါ‌နဲ့တော့ ဦးကျန့် သားအခုနားထောင်ချင်စိတ် မရှိသေးဘူး

သူဘာပြောမာ ကြိုသိနေတဲ့အလား သူ့စကားကို ဖြတ်ပြီးပြောနေတဲ့ သည်းငယ်က အတော်ဝမ်းနည်းနေပုံ ဦးကျန့်တောင်းပန်ပါတယ် သည်းငယ်

ခါတိုင်းလိုမျိုး ဦးကျန့်ရင်ခွင်ထဲဆိုပေမယ့် မနေ့ကလို နွေးထွေးမှု့မရှိခဲ့

အိပ်ချင်တယ် အိပ်ပျော်ပေးပါ သူနိူးလာရင် ဦးကျန့်နဲ့ အရင်လိုပဲ ပြန်ပြီးနေချင်ပါတယ်😥

ရှောင်ကျန့်မာ သည်းငယ်ရဲ့အပြုအမူကြောင့် သူ့ကိုယ်သူအသေသာ သတ်ပစ်လိုက်ချင်တာ။
သည်းငယ်ကို ချော့ပြောလည်း ရနေတာပဲကို ဘာလို့ သူစိမ်းဆန်ဆန် ပြောနေမိပါလိမ့်

သည်းငယ်ကို ပျော်အောင်ထားမယ်ဆိုတဲ့ သူက တဖန်ပြန်ပြီး သည်းငယ်ကို မျက်ရည်ကျအောင်ပဲ လုပ်မိပြန်တယ်

ကာကွယ်ပေးမယ်ပြောပြီး သည်းငယ်ကို ဒဏ်ရာတွေနဲ့ အကြိမ်ကြိမ် နာကျင်စေမိပြန်တာ သူဟာတကယ်မကောင်းတဲ့လူပဲ

သူ့ရင်ခွင်ထဲက သည်းငယ်ကို တင်းကြပ်နေအောင် ဖက်ထားလိုက်တယ်။ ဦးကျန့်ပြန်ချော့မာမို့ ဦးကျန့်ကို စိတ်နာမသွားနဲ့နော် သည်းငယ် ဦးကျန့်တောင်းပန်ပါတယ်

U Zhan ( Completed )Where stories live. Discover now