Unicode
အတည်ကြီး စိတ်ဆိုးနေသော သည်းငယ်ကို ချော့ဖို့ ရှောင်ကျန့်ပန်းစည်းလေး ဝယ်ပြီး သည်းငယ်ကို ပြန်ချော့ဖို့ လုပ်လိုက်တယ်။
သည်းငယ်က မိန်းကလေး မဟုတ်ပေမယ့် ပန်းကလေးလို လှပနေသော သည်းငယ်ကြောင့် ရှောင်ကျန့် ပန်းစည်းလေးနဲ့ Legoလေး ဝယ်ပြီး သည်းငယ်ကို ချော့ဖို့ နေ့လယ်ထမင်းစားချိန်ရောက်တာနဲ့ ရှောင်ကျန့်က သည်းငယ်တို့ ကုမ္ပဏီကို ချီတက်သွားသည်။
ဒါပေမယ့် ဒေါ်လေးရဲ့ မားနဲ့အတူ နေ့လယ်စာသွားစားတယ်ဆိုတဲ့ စကားကြောင့် ရှောင်ကျန့် စိတ်ညစ်ရပါတယ်
သည်းငယ်တစ်ယောက်တည်းဆို ရပြီလေ ဘာလို့မားက ပါလာပြန်တာတုန်း
ဖုန်းကိုထုတ်ကာ သည်းငယ်ကို ဆက်ပေမယ့် ဖြေဆိုသူမဲ့လို့ ဒါပေမယ့် သူလက်မလျှော့ခဲ့ မကိုင်ရင် ဆက်ခေါ်နေရုံပေါ့ သည်းငယ်ရာ...
ခေါ်ရင်းခေါ်ရင်းနဲ့ အကြိမ်ပေါင်းများစွာ ခေါ်ပြီးးသောအခါ နောက်ဆုံးတစ်ခါတော့ ကိုင်ပေးလိုက်တဲ့ သည်းငယ်ရယ်ပါ
"ဟဲလို သည်းငယ် သည်းငယ်ဘယ်မာလဲဟင်"
"မသိဘူး"
"ဟမ်🙄 ဦးကျန့် လိုက်လာခဲ့မယ် "
"မလာနဲ့ "
"သားကျန့် မလာနဲ့နော် ဒီညသားငယ်က မားတို့နဲ့အိပ်မာ "
"မား မရဘူးနော် မရဘူးနော် သည်းငယ် ဦးကျန့်တောင်းပန်ပါတယ်လေ စိတ်ဆိုးပြေပါတော့ ဒီမာ သည်းငယ်ကြိုက်တဲ့ Legoလေး ဝယ်လာပေးတယ်"
ဦးကျန့်စကားကြောင့် မျက်နှာတောက်ပလာသော ရိပေါ်က မားကိုတော့ မချိုမချဉ်လေးပြုံးပြထားတယ်
အချစ်တွေစမ်းနေကြတဲ့ သူမတို့သား သဲသဲကဲကဲကို ကြည့်ပြီး ရှောင်မားပြုံးနေလိုက်သည်။သားကျန့်က သားငယ်ကို သိပ်သည်းတာမို့ ရှောင်မားစလိုက်တာ ခေါ်အိပ်ရင်တောင် သားငယ်က အိပ်မာမဟုတ်ဘူးဆိုတာ သိတယ်လေ ဒါပေမယ့် သားကို အမြင်ကပ်လို့ ဆက်စဖို့ လုပ်လိုက်တယ်။
"အိုက်ယား သမီး ဒါလည်း စားလေနော် သူကမားရဲ့သားငယ်တဲ့ ချောတယ်မလား?"