Unicode
ကုမ္ပဏီကနေ အိမ်ပြန်ရောက်လာနေတော့ တစ်အိမ်လုံးက အမွေးပွကော်စောတွေနဲ့ ခင်းထားတာမို့ ရိပေါ်တစ်ယောက် မျက်လုံးပြူးရပါတယ်
ဦးကျန့်ကို ကြည့်လိုက်တော့ သူ့ကိုပြုံးပြလာပြီး "သည်းငယ် ချော်လဲမာစိုးလို့"ပြောလာတာမို့ ရိပေါ်ကြည်နူးရပါတယ်
ဦးကျန့်က သူ့အတွက် စိတ်ပူပေးတယ်ဆိုတာကို ခံစားရပြန်တော့ လူကအရမ်းနွေးထွေးရသလို မျက်ရည်လည်း ကျရပါတယ်။ ဒီလောက်
ထိ ချစ်ပေးတာတောင် သူက ငိုအောင်လုပ်မိသေးတာ သူတကယ် အဆိုးလေးပဲဒီအဆိုးလေးကို ဦးကျန့်က ချစ်ပေးတယ်ဆိုပြီး တွေးမိပြန်တော့ လူကအပြုံးလှလှလေး ဖြစ်ပေါ်လာစေတယ်
ဦးကျန့်နဲ့ ပြန်ပြီးနားလည်မှု့တွေ ရခဲ့တော့ ဆေးရုံသွားလည်း နှစ်ယောက်အတူ သွားခဲ့သလို ဆရာစမ်းသပ်ပေးတဲ့အချိန်လည်း ဦးကျန့်က သူ့လက်ကို ဆုပ်ကိုင်ရင်း ဘာမှမကြောက်နဲ့နော်ဆိုပြီး သူ့အနားမာ အားပေးစကားပြောပေးခဲ့ပြန်သည်
ဦးကျန့်က တကယ့်အိမ်ထောင် ဦးစီးကောင်းလေးပဲ ဦးကျန့်ကိုရတဲ့သူက အားလုံးသော လူ့လောကမာ သူကကံအကောင်းဆုံးပဲ😊
နေ့ရက်တိုင်းမာ ဦးကျန့်နဲ့အတူ ဖြတ်သန်းပြီး ဦးကျန့်ရဲ့အရိပ်မာပဲ သူခိုလှုံနေမိတယ်
"သည်းငယ် အိပ်ပါတော့လေ အိပ်လို့မပျော်ဘူးလား "
သူ့ရင်ခွင်ထဲကနေ သူ့အင်္ကျီကို ဆော့ကစားနေတဲ့ သည်းငယ်ကြောင့် ရှောင်ကျန့်က မေးလိုက်တာ
"ဦးကျန့် "
"ဗျာ "
"သားသိချင်တာရှိတယ် နောက်ကျ သားတို့မိသားစု ရှိလာခဲ့ရင် သားကဦးကျန့်ကို ချွဲလို့ရသေးလား?"
"သည်းငယ်က ဦးကျန့်အတွက် အမြဲကလေးလေးပဲလေ ရတာပေါ့"
"ဘာကလေးလဲ ဦးကျန့်နော် သားကပါပါးဖြစ်နေပြီ"
ပါပါးဖြစ်ပြီဆိုပြီး ချွဲလို့ရသေးလားဆိုတဲ့ အမေးစကားလေး ဆိုလာတဲ့သည်းငယ်က ကလေးလေးခေါ်တာကျ မကြိုက်
"ဟုတ်လား ဒါဆိုပိစိရဲ့ပါပါးကလေးလေးပေါ့"
"ဦးကျန့် သားစိတ်တိုလာပြီနော် "