Part: 18

2.7K 160 19
                                    

Unicode

အလုပ်ပြန်ရောက်တာနဲ့ ပါးရဲ့ထိုးလာတဲ့ မျက်စောင်းလေးကြောင့် ရှောင်ကျန့်တစ်ယောက် ပါးကိုမျက်နှာချိုသွေးပြနေရတယ်

အစက မချစ်ဘူးလို့ကြွေးကြော်နေတဲ့သားက အခုတော့ ခွဲလို့မရနိူင်‌တဲ့ တော်တော်ဖြစ်နေတာ ငါငယ်ငယ်ကအတိုင်းပဲ.....ဒါပေမယ့် ငါ
က အစကတည်းက ချစ်လာတာ သားလိုမျိုး နောက်မှရူးတာ မဟုတ်

"ပါး သားကိုပဲ မျက်စောင်းထိုးမနေနဲ့ သားရဲ့သည်းငယ်လို ကြည့်ကောင်းတာလဲ မဟုတ်"

ရှောင်ပါးမာ သားစကားကြောင့် သူ့နားက စာအုပ်နဲ့ ရှောင်ကျန့်ကို လှမ်းပေါက်လိုက်သည်။ တော်တော် ဖြစ်နေတာပေါ့လေ

"ပြောထား နောက်တစ်ခါ ပါးကကြည့်ပေးမာ မဟုတ်တော့ဘူး"

"ဒါက ပါးcompanyနော် "

"ငါမင်းကို လွဲထားတယ်လေ မင်းတာဝန်ဖြစ်သွားပြီ အခုသားမားနဲ့ အသိတစ်ယောက် သွားတွေ့ရမာ ပါးပြန်ပြီ သားလေး ကျားရို့💪"

ထွက်သွားတဲ့ ပါးကိုကြည့်ပြီး ရှောင်ကျန့်ပြုံးနေရုံ။ ပါးနဲ့မားက အရွယ်ရောက်လာပြီဆိုပေမယ့် တစ်ယောက်နဲ့တစ်ယောက် ချစ်နေကြတုန်း သူမှတ်မိတတ်ခါစက ပါးနဲ့မားရန်ဖြစ်တာမပြောနဲ့ လေသံမာမာကြီးတောင် မပြောကြ

လူငယ်လေးလို အချစ်တွေနဲ့ roလို့ ကောင်းတုန်း

အတွေးကို အဆုံးသတ်ကာ ဖုန်းထုတ်ပြီး သူပြန်ရောက်ပြီ ဖြစ်ကြောင်း သည်းငယ်ဆီစာပို့ပြီး အလုပ်လုပ်နေတော့သည်။
.
"ဟောက်ရွှမ်း မင်းပြောကြည့် ကျဲကဘာလို့ ငါ့ကိုအဲ့လိုပုံတွေ ပို့လာရတာလဲ"

ရိပေါ်က ကျစ်ရှဇီပို့လာတဲ့ပုံကို ဟောက်ရွှမ်းကို ပြောပြလို့ သူပဲအမေးပြန်လုပ်နေတာ

"အဲ့တာတော့ အဲ့ကျဲက မင်းကိုမနာလို‌လို့ပေါ့ အံ့ဩရပါတယ်နော် မိန်းကလေးဖြစ်ပြီး အရှက်မရှိတာ ငါ့အစ်မသာဆိုလေ အသိလေးရှိလာအောင် ပါးရိုက်ပြီးဆုံးမပစ်လိုက်မာ မိန်းကလေးဖြစ်ပြီး မိန်းမတန်ဖိုးမဲ့နေတာ"

"သူက ဦးကျန့်ကို ချစ်လို့နေမာပေါ့ "

"အဲ့တာ အချစ်လို့မခေါ်ဘူး ရိပေါ် အဲ့ကျဲသာ ချစ်တတ်ရင် တစ်ဖက်လူကို အောက်တန်းစားလုပ်ရပ်နဲ့ မလုပ်သလို မင်းဦးကျန့်ကိုလည်း စိတ်ညစ်အောင် မလုပ်ဘူးလေ...မင်းဦးကျန့်က အဲ့ကျဲကိုမချစ်ဘူးလို့ ပြောနေတာလေ အဲ့ကျဲက ချစ်တတ်ရင် သိရောပေါ့ အဲ့ကျဲက ဖင်ယားပြီးနှာထနေတာ"

U Zhan ( Completed )Where stories live. Discover now