Unicode
ဆိုင်ကယ်ကွင်းကို ရောက်တော့ ရှောင်ကျန့်သည်းငယ် ဆိုင်ကယ်မောင်းနေတာကို စောင့်နေလိုက်သည်။
ဖြည်းဖြည်းမောင်းပါဆိုတဲ့ သည်းငယ်က ရှောင်ကျန့်ရှေ့မာပဲ ဖြည်းဖြည်းမောင်းတာ သူနဲ့ဝေးရာကို ရောက်တော့ အရှိန်တင်နေလိုက်များ ဝူးကနဲ့ ရှောင်ကျန့်မာ CCTVထဲကနေ မြင်ရတဲ့ သူ့သည်းငယ်ပုံစံကြောင့် သူအသက်ထွက်တော့မလို
သည်းငယ်ဟာလေ သူ့စကားကိုနားမထောင်ဘူး လုပ်ချင်တာတွေ လုပ်နေတော့တာပဲ
အကွေ့ ကွေ့တဲ့နေရာဆို ရှောင်ကျန့်မာ ရင်တမမနဲ့ ကြည့်နေရတယ်
ဖုန်းလည်းမယူသွားတာမို့ လိုက်ဆက်လည်းမရသလို ပြန်လာပါတော့လို့ အော်ပြီးပြောလည်း မကြားတာမို့ ရှောင်ကျန့်မာ ရင်တမမနဲ့ သူ့သည်းငယ် ဘာမှမဖြစ်ကြောင်း ဆုတောင်းနေလိုက်သည်။
ဒီတစ်ခါနောက်ဆုံးပဲ သည်းငယ် နောက်တစ်ခါ ဆိုင်ကယ်စီးဖို့ မပြောနဲ့တော့ မရတော့ဘူး လုံးဝပဲ
မကြာပါ သည်းငယ်သူငယ်ချင်းနှစ်ယောက်နဲ့ ရှောင်ကျန့်ဆီ ပြန်ရောက်လာခဲ့တယ်
ရိပေါ်က မျက်နှာဆူပုတ်နေတဲ့ ဦးကျန့်ကိုမြင်တော့ လန့်ရပါတယ် ။ ဦးကျန့်က ဘာဖြစ်နေတာလဲ အပေါ့သွားချင်တာလား??😁
"ဦးကျန့် "
"ပြန်မယ် "
"ဟမ် " ဦးကျန့်စကားကြောင့် ရိပေါ်သာမက ဟောက်ရွှမ်းနဲ့ကျိရန်ပါ မျက်လုံးပြူးရပါတယ်
ဦးကျန့်အခု စိတ်တိုနေတာလား?"ဦးကျန့် "
"နောက်တစ်ခါ ဆိုင်ကယ်မစီးနဲ့တော့နော် ဦးကျန့်စိတ်ပူလွန်းလို့ အသက်ထွက်တော့မယ် "
ရိပေါ်ကို တင်းကြပ်စွာ ဖက်လာပြီး ဆိုလာတဲ့ ဦးကျန့်ကို ရိပေါ်ပြန်ဖက်လိုက်သည်။ ဦးကျန့်စိတ်တိုတာ မဟုတ်ပဲ ဦးကျန့်က သားကိုစိတ်ပူနေတာပဲ
ဟောက်ရွှမ်းနဲ့ကျိရန် ဒီမြင်ကွင်းကြောင့် ခေါင်းခါနေတော့သည်။ ဆိုင်ကယ်ကို စက်ဘီးများ မှားမှတ်နေတာလားမသိ ပိုကိုပိုလွန်းတယ်
ဟောက်ရွှမ်းက ခေါင်းခါကာ ကျိရန်ကို မြတ်နိူးမှု့နဲ့ ကြည့်နေလိုက်သည်။