Part :38

1.6K 110 7
                                    

Unicode

  အိမ်ပြန်ရောက်တာနဲ့ ရှောင်ကျန့်ကားပေါ်ကဆင်းကာ သည်းငယ်ဖို့ ဝယ်လာသောကြက်ကြော်နဲ့ သရေစာမုန့်ထုပ်လေးကို ယူပြီး ရှောင်ကျန့်အိမ်ထဲက ဝင်လာလိုက်သည်။

"ဦးကျန့်ရဲ့‌သည်းငယ်လေး ဦးကျန့်ပြန်လာပြီ"

"ဦးကျန့်....သားလွမ်းနေတာ"

သူငယ်ချင်းနား ထိုင်ရာကနေ သူ့ဆီပြေးလာပြီး သူ့ကိုယ့်ပေါ်ပြေးတက်ကာ လာဖက်သွယ်သော သည်းငယ်ကို ရှောင်ကျန့်ပြန်ဖက်လိုက်၏။

ကျိရန်တော့ ရိပေါ်ရဲ့အပြုအမူကို ကြည့်ပြီးဇီးကွက်မျက်လုံးလေးလို အပြူးသားနဲ့ ဟောက်ရွှမ်းလေးက ဒီထက်တောင် မြင်ဖူးပြီးတာမို့ ခေါင်းခါနေတော့တယ်

"ဦးကျန့်ရော အရမ်းလွမ်းနေတာ သည်းငယ်ကြိုက်တဲ့ ကြက်ကြော်လေး ဝယ်လာပေးတယ် စားတော့မလား?"

"အွန်း "

"အိုက်ယားးးးးဦးကျန့်ရဲ့ကြောင်ပေါက်စလေး ချွဲနေတာပဲ"

"ဟီးဟီး ဦးကျန့်သဘောကျလား?"

"ဒါပေါ့ဗျာ ကျလွန်းလို့ချစ်ပစ်လိုက်ချင်ပြီ"

ကျိရန်ကတော့ တံခါးနားမာ နှစ်ယောက်တည်းကမ္ဘာလုပ်နေသော ရိပေါ်တို့လင်လင်ကြောင့် ဟောက်ရွှမ်းနားကိုကပ်ပြီး တိုးတိုးလေးပြောလိုက်သည်။ "ရိပေါ်တို့က ငါတို့ကိုမေ့နေတာလား?"တဲ့ ဖြစ်နိူင်တာမို့ ‌ကျိရန်အမေးကို ဟောက်ရွှမ်းခေါင်းညိတ်ပြကာ ပြုံးနေလိုက်သည်။

"ရိပေါ် ငါတို့အရင်ပြန်တော့မယ်နော်"

မနေနိူင်လို့ ဟောက်ရွှမ်းထပြောလိုက်တာ ၊ဟောက်ရွှမ်းအသံကြားမှ သူ့ကိုသတိရပုံရှိတဲ့ ရိပေါ်က သူ့ဦးကျန့်ကိုယ်ပေါ်ကနေ ဆင်းလာပြီး
ဦးကျန့်ကို ဆွဲရင်း ကျိရန်နဲ့မိတ်ဆက်ပေးတာတဲ့လေ....

ရိပေါ်နဲ့မဟုတ်ရင် စကားကိုအပိုအလို မပြောတတ်တဲ့ ဦးကျန့်က စစခြင်းမာပဲ သည်းငယ်နဲ့လက်ထပ်ထားသူရှောင်ကျန့်ပါတဲ့ မိတ်ဆက်နေပုံက မသိရင် သူများက ရိပေါ်ကို လာလုနေသလိုမျိုးးးး

တော်တော်ကို ဖြစ်နေကြတဲ့ လင်လင်တွေ

အဲ့လိုနဲ့ပြန်မယ်ဆိုတဲ့ သူတို့နှစ်ယောက်ကလည်း ရိပေါ်တို့နဲ့အတူ ညစာစားဖြစ်ခဲ့ကြတယ်
စားသောက်လို့ ပြီးမှ ဟောက်ရွှမ်းနဲ့ကျိရန် ဟောက်ရွှမ်းတို့အိမ်ကို ပြန်လာခဲ့သည်။ဒီညတော့
ကျိရန်ကို ဟောက်ရွှမ်းအိမ်မာပဲ ခေါ်အိပ်လိုက်တယ်။

U Zhan ( Completed )Where stories live. Discover now