♕︎👑ဘုရင့်ရဲ့မုဒြာ👑♕︎ (အပိုင်း-၁)
"ဂျိမ်း.....ဂျိမ်း....ဂျိမ်း"
မိုးကောင်းကင်မှမိုးရေစက်များက အငြိုးနဲ့ရွာချနေသလို
မရပ်မနားသည့်အပြင် မိုးခြိမ်းသံများကလည်း
ကောင်းကင်ယံ၌ပဲ့တင်ထပ်လျက်"အငဲ.....အငဲ...အငဲ...."
(မွေးကာစမဟုတ်လို့ "အငဲ" လို့အော်တာပါ....😆)လယ်ဇာ ဖိနပ်အဖြူလေးစီးထားသည့်
ပိုင်ရှင်က ငိုနေသည့် တစ်နှစ်အရွယ်ကလေးငယ်လေးတစ်ဦးနှင့်မိုးခိုစရာနေရာတစ်နေရာဖြစ်တဲ့
ဘန်ဒါပင်ကြီးရဲ့သစ်ရိပ်အောက်မှာ စိုရွဲစွာရပ်နေ....ထိုဘန်ဒါပင်ကြီးရဲ့ အရှေ့တည့်တည့် မျက်စောင်းထိုးလေးမှာတော့မီးရောင်စုံတွေနဲ့ထိန်လင်းစွာ
လှလှပပထွန်းလင်းတောက်ပနေသည့်
နန်းတော်ကြီးအလားတည်ရှိနေသည့် အိမ်ကြီးတစ်အိမ်မိုးမင်းကြီးရဲ့အငြိုးတွေကိုအံတုပြီး ကလေးငယ်ကို
ရင်ခွင်ထဲပိုက်ကာ ထိုအိမ်ကြီးဆီသို့ဦးတည်ပြေးလာတဲ့
ထိုအမျိုးသမီးရဲ့ခြေလှမ်း......"တင်းတောင်......"
ပထမတစ်ချက်တုန်တုန်ရီရီဖြင့်နှိပ်လိုက်မိသည်
"တင်းတောင်......"
တစ်ယောက်ယောက်ထွက်လာစေရန်ဆုတောင်းနေသည့်မျက်ဝန်းများဖြင့် လက်က ထပ်မံ၍ဒုတိယတစ်ကြိမ်
တစ်ချက် နှိပ်လိုက်မိသည်"တင်းတောင်......................"
တတိယအကြိမ်နှိပ်လိုက်တော့မိုးခြိမ်းသံနဲ့အတူ
ထွက်လာတဲ့ လက်နှိပ်ဓာတ်မီးတစ်လက်နှင့်အနက်ရောင်
ထီးဆောင်းထားသောအမျိုးသမီးကြီးတစ်ဦး"မင်းဘယ်သူလည်း.....လူတွေအိပ်ချိန်ဆိုတာ
မင်းလူလိုနားမလည်ဘူးလား...ဟမ်!!!"ဒေါသမျက်လုံးများဖြင့်ထိုအမျိုးသမီးကိုပြောနေသောမျက်လုံးများကချက်ချင်းဆိုသလို
"ဟင်....! ကလေးလေးပါ မိုးရေတွေ စို စို နေတယ်....."
ကလေးငယ်ကိုရင်ခွင်ထဲပိုက်ထားသည့်အမျိုးသမီးက
နှုတ်ခမ်းတွေအနည်းငယ်ပြာနှမ်းနေပုံကိုလက်နှိပ်ဓာတ်မီးဖြင့်တစ်ချက် ကြည့်ပြီး တုန်ရီနေလျက်ရှိသော
ထိုအမျိုးသမီးနှုတ်ခမ်းထက်မှ
YOU ARE READING
👑ဘုရင်ရဲ့ မုဒြာ👑
Random*𝑺𝒂𝒚 𝑩𝒂𝒚𝒊𝒏......♔︎♔︎♔︎* "ဘုရင့်ရဲ့မုဒြာ Ⓗ︎Ⓘ︎Ⓝ︎Ⓣ︎ " မင်းရဲ့အသက် ၁၂ နှစ်ပြည့်မွေးနေ့ကနေ စပြီး ငါ့ အသက် ၁၀ နှစ်ကနေ အခုအသက် ၂၀ ထိ မိသားစု မရှိဘဲအထီးကျန်စွာ နေခဲ့ရသလို မင်းလည်း နေရမယ် ပန်းမုဒြာ...... မင်းဘယ်တော့မှ အပြင်လောက ကို ထိတွေ့ မဆက်ဆံရဘူ...