Chapter ( 7 )

829 18 0
                                    

👑ဘုရင့်ရဲ့မုဒြာ👑  အပိုင်း(၇)

ပုံပြင်ထဲက "လူဆိုးလေးရဲ့ ရက်ပန်ဇယ် " ဆိုရင်
အပြင်မှာ‌... ကလေးမ မင်းက "ဘုရင့်ရဲ့မုဒြာ" ဘဲ!

စံအိမ်ကိုပြန်ရောက်တော့ ဦးတည်လာတဲ့ "စေ့" ခြေလှမ်းများက အလုပ်သမားသီးသန့် တန်းလျားဆီ

"ခန့်ထည်...ဒေါ်ထားခင် နဲ့ ဒေါ်ညိုကို ညစာ သေချာပြင်ထားပါလို့ပြောထားလိုက် ပြီးတော့ ငါအိမ်ထဲ ဝင်လာမှ
သူတို့ထွက်ရမယ်လို့ ပြောထားလိုက်.!"

"ဟုတ်ကဲ့ပါ....အကိုလေး"

"စေ" သူမလေး နေတဲ့ နေရာဆီ ရောက်တော့....
တံခါးကြီးပွင့်နေတာတွေ့တာကြာင့်....

"ဟင်...ဘာလည်း ထပ်ပြီးတံခါးဖွင့်ထားခဲ့တာလား?"

"စေ" စဉ်းစားနေမိသည်....ဒီတစ်ခါရော
ဒေါ်ညိုမြမြသင်း တံခါးမေ့ပြီးမပိတ်ခဲ့တာလား?

"စေ" မဝင်သေးဘဲ ဟိုကြည့်ဒီကြည့်ဖြင့်
လူအရိပ်ယောင်ရှိမလားဆိုပြီးကြည့်နေသေးည်

တံခါးဖွင့်ထားတာကြောင့် အထဲမှာ ဘယ်သူရှိမလည်းဆိုပြီး ခန့်မှန်းကြည့်မိသေးသည်...
ဘယ်သူမှမတွေ့.....
သို့သော်လည်း ဇွတ်ဝင်လို့မရတာကြောင့်
ခဏတော့ စောင့်ကြည့်မယ်လို့ ဆုံးဖြတ်လိုက်သည်
မကြာပါ ဒီတစ်ခါတော့ မိုးခရမ်းရောင် ဂါဝန်လေး
ဝတ်ပြီးအခန်းထဲက ထွက်လာတဲ့သူမလေး
ဟိုဝေ့ဒီဝေ့ဖြင့် ဘာကိုပတ်ရှာလို့ရှာနေမှန်းမသိတဲ့
ကောင်မလေး....ခုချိန်ထိ တံခါးပွင့်နေတာကို မသိသေး
"စေ" သူမ မမြင်နိုင်တဲ့ ထောင့်ကွယ်တစ်နေရာမှာ
ပုံးလိုက်ပြီး

"ရှူး...ရှူး..."

ရုတ်တရက် နောက်ပါးထံမှ အသံကြားလိုက်တာမို့
မုဒြာအနည်းငယ်တော့ လန့်သွားသည်...

"ရှူး...ရှူး...ဝါး...ဟား...ဟား..."

ထပ်ပြီး နောက်ပါးထံမှကြားလိုက်ရတာမို့....

"ဘယ်သူလည်း....!"

ကြောက်လန့်နေတဲ့ ယုန်သူငယ်မလေးကို
"စေ"ကြည့်ပြီးရီမိသည်....

"ဟင် တံခါးကြီး ထပ်ပွင့်နေပြန်ပြီ...."

အော် ဟော် ခုမှဘဲ တံခါးကြီး
ပွင့်တာတွေ့တော့တဲ့သူမလေး

👑ဘုရင်ရဲ့ မုဒြာ👑Where stories live. Discover now