👑ဘုရင့်ရဲ့မုဒြာ👑 အပိုင်း(၃၁)
"ဘယ်သူလည်း!!!"
အခန်းရှေ့မှ 'ခလွမ်း' ဟူသည့် အသံကြားလိုက်ရတာကြောင့် ဦးမဟာထွဍ်ခေါင် မေးလိုက်လျှင်
အသံထွက်မလာသေးသဖြင့်......."သွားကြည့်စမ်း....!
ဘယ်သူလည်းလို့ "ဦးသာမောင် ခေါင်းတစ်ချက်ငုံ့ပြီး
အခန်းတံခါးဖွင့်ကာ
သွားကြည့်လိုက်တော့
အခန်းရှေ့မှာ ခြေစုံရပ်နေတဲ့သူက"မမလေး...."
ဦးသာမောင် အစအဆုံးကြည့်လိုက်တော့
ကြမ်းပြင်ပေါ်မှာ ကျကွဲနေတဲ့ ဖန်ကွဲစတွေအပြင်
တုန်ရီနေတဲ့ မမလေးလက်တွေ......."မမလေး....."
နီ့ အရှေ့က ဦးသာမောင်ကို တွန်းလိုက်၍
ဒယ်ဒီ့ အခန်းထဲသို့ ဝင်လိုက်ကာ
ဒယ်ဒီ ထိုင်နေတဲ့ အလုပ်ထိုင်ခုံထိလျှောက်သွားပြီး....."သမီး......"
ဦးမဟာထွဍ်ခေါင် ထိုင်ရာမှ ထလိုက်လျှင်......
"ဒယ်ဒီ နဲ့ ဦးသာမောင် ပြောနေတာတွေက
အမှန်ဘဲလား.....!""......."
မေးခွန်းကို တုံ့ဆိုင်းနေပြီး မျက်နှာလွှဲကာ
ကွန်ပျူတာကို စိုက်ကြည့်နေတဲ့ ဒယ်ဒီကြောင့်...."ဒယ်ဒီ!!!"
"ဟုတ်တယ်...အမှန်တွေဘဲ!
ဒါတွေအားလုံးက သမီးနဲ့သား အတွက်ကြောင့်ဘဲ!""သမီးတို့အတွက်ကြောင့်....ဟုတ်လား?"
"ဒယ်ဒီ့သားသမီးတွေကို လူကြားထဲမှာ
မျက်နှာ မငယ်စေချင်လို့ လုပ်ခဲ့တာ!""ဒါဆို ဇာနည် ပြောခဲ့တာတွေက အမှန်ဘဲပေါ့....."
သမီးဖြစ်သူရဲ့ အပြောကြောင့် ကွန်ပျူတာကို
အာရုံစိုက်ကြည့်နေရင်းမှ သမီးဖြစ်သူရဲ့ အကြည့်ကို
မျက်နှာချင်းစိုင်ကာ ကြည့်လိုက်ပြီး......"သားက ဘာကိုပြောထားတာလည်း....?"
"ဒယ်ဒီက စေဘုရင့်အဘိုးရဲ့ ကုမ္ပဏီကို လိုချင်လို့
နီ နဲ့ စေ့ ကို ဟန်ပြစေ့စပ်ပေးထားတယ်ဆိုတာကအစ!"ဦးမဟာထွဍ်ခေါင် ချက်ချင်းဆိုသလို
အံ့အားသင့်သွားရကာ......
YOU ARE READING
👑ဘုရင်ရဲ့ မုဒြာ👑
Random*𝑺𝒂𝒚 𝑩𝒂𝒚𝒊𝒏......♔︎♔︎♔︎* "ဘုရင့်ရဲ့မုဒြာ Ⓗ︎Ⓘ︎Ⓝ︎Ⓣ︎ " မင်းရဲ့အသက် ၁၂ နှစ်ပြည့်မွေးနေ့ကနေ စပြီး ငါ့ အသက် ၁၀ နှစ်ကနေ အခုအသက် ၂၀ ထိ မိသားစု မရှိဘဲအထီးကျန်စွာ နေခဲ့ရသလို မင်းလည်း နေရမယ် ပန်းမုဒြာ...... မင်းဘယ်တော့မှ အပြင်လောက ကို ထိတွေ့ မဆက်ဆံရဘူ...