👑ဘုရင့်ရဲ့မုဒြာ👑 အပိုင်း(၅)
မုဒြာလေး ပိတ်ထားတဲ့မှန်ပြတင်းပေါက် ကနေ
အပြင်ဘက်ကိုကြည့်နေတာကြောင့် လူတစ်ယောက်
လာနေတာကိုရိပ်မိသွားဟန်ဖြင့် မျက်လုံးလေးပြူးပြီးသေချာစိုက်ကြည့်မိတော့"ဟင်...ဦး...ဦး...ဦးစေ..."
သူမလေးဆီ လာနေတဲ့ "စေ့"ခြေလှမ်းများ က ဒေါ်ညိုပြင်လာပေးတဲ့မုန့်ဗန်းနဲ့ ၊ "စေ" ကိုယ်တိုင် သူမလေးကို စာသင်ပေးဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဝယ်လာတဲ့ စာရေးကိရိယာပစ္စည်းလေးတွေတစ်ပါတည်းယူဆောင်လာ...
သူမလေးရှိတဲ့နေရာကိုရောက်လာသော်လည်း တံခါးပိတ်ထားသောကြောင့်...
"ဘာလည်းဟ...တံခါးပိတ်ထားတာလား....?"
ထို့နောက် မှန်ပြတင်းပေါက်ကိုတွေ့သွားဟန်နဲ့
မုဒြာလေးကို သွားခေါ်မယ်လို့ လျှောက်လှမ်းလာသော်လည်း အထဲကသာ အပြင်ကိုမြင်ရပြီး
အပြင်ကနေကြည့်ရင် အထဲကိုဘာမှမမြင်ရတဲ့ ပြတင်းပေါက်ကြောင့် "စေ"တစ်ယောက်
"ကျစ်" သက်မိသည်"ဦးစေရေ...ဦးစေ...မုဒြာက ဒီမှာလေ...ဒီမှာ..."
အထဲကနေ "စေ့"ကိုကြည့်ပြီးလက်ကာပြကာ စကားပြောနေတဲ့မုဒြာရဲ့အသံကို "စေ"မကြားနိုင်.....
"ဘာလို့ ကလေးတစ်ယောက်ကို ပိတ်လှောင်ထားရတာလည်း...!"
"စေ" ဒေါသဖြစ်စွာပြောမိသည်...
"ငါ ဘယ်လိုလုပ်ရမလည်း စဉ်းစားစမ်း မုဒြာ စဉ်းစား"
"စေ"နဲ့တွေ့ဖို့ အကြံဉာဏ်ထုတ်နေတဲ့သူမလေး
"စေ" ပြတင်းပေါက် မှန်ကို သေချာစိုက်ကြည့်မိပြီး
အကြံရသွားသည့်ဟန်ဖြင့်..."ဟုတ်ပြီ...ဘာဘဲပြောပြော ငါ့မျက်နှာကို ပြတင်းပေါက်နားမှာ ထားလိုက်ရင် အဲ့ကလေးမ မြင်ရမှာဘဲ...."
"စေ" သူမလေး သူ့မျက်နှာကို
သတိထားပြီးမြင်စေရန်ပြူးတူးပြဲတဲကြည့်မိသည်အကြံထုတ်ရင်းအကြံတစ်ခုရသွားတဲ့ မုဒြာလေး
"တံခါးမှာလည်း သော့ခတ်ဖို့ လော့ခ်ရှိသလို ပြတင်းပေါက်မှာလည်း ရှိနေမှာဘဲ....
ငါဘာလို့အခုမှ တွေးမိတာပါလိမ့်..."
YOU ARE READING
👑ဘုရင်ရဲ့ မုဒြာ👑
Random*𝑺𝒂𝒚 𝑩𝒂𝒚𝒊𝒏......♔︎♔︎♔︎* "ဘုရင့်ရဲ့မုဒြာ Ⓗ︎Ⓘ︎Ⓝ︎Ⓣ︎ " မင်းရဲ့အသက် ၁၂ နှစ်ပြည့်မွေးနေ့ကနေ စပြီး ငါ့ အသက် ၁၀ နှစ်ကနေ အခုအသက် ၂၀ ထိ မိသားစု မရှိဘဲအထီးကျန်စွာ နေခဲ့ရသလို မင်းလည်း နေရမယ် ပန်းမုဒြာ...... မင်းဘယ်တော့မှ အပြင်လောက ကို ထိတွေ့ မဆက်ဆံရဘူ...