Chapter ( 38 )

777 14 0
                                    

👑ဘုရင့်ရဲ့မုဒြာ👑 (အပိုင်း-၃၈)

®®®®®.....<<<<<<

"စေ" ခန့်ထည်ဖွင့်ပေးတဲ့ ကားထဲ
ဝင်ထိုက်လိုက်ပေမယ့် သူမလေးအကြောင်းက
ကားထဲထိ ပါလာသေးသည်....

ပုန်းနေတဲ့ သူမလေးကို တမင်သက်သက်
ဝင်္ကဝုတ္တိ အလင်္ကာ သုံးပြီး ပြောဆို
ကြေညာလိုက်ခြင်းပင်ဖြစ်တာကြောင့်
နှုတ်ခမ်းကွေးရုံလောက်သာပြုံးမိသည်.…...

"အကိုလေး ......"

"အင်း...."

"Marketing File ပါလာလားဟင်..."

ခန့်ထည် သတိပေးလိုက်တော့မှ "စေ"
သတိရသွားကာ ထို file ဟာ
"စားပွဲဝိုင်း" မှာ မေ့ကျန်ခဲ့ခြင်းပင်....

"နေ....နေ ငါသွားယူလိုက်မယ်...."

"ကျနော် သွားယူပေးမယ်လေ အကိုလေး....
ဘာဖြစ်လို့လည်းဗျ....ဘာများကျန်ခဲ့သေးလို့လည်း...."

ကိုယ့်ဟာကိုယ်သွားယူချင်ပါတယ်ဆိုကာမှ
လေကြောရှည်ပြီး မေးလာတဲ့ ခန့်ထည်ကြောင့်
"စေ" မျက်မှောင်ကျုံ့လိုက်ကာ......

"ရတယ်.....နေ..... ငါ့ဟာငါသွားယူမယ်...."

"ကျနော်ဘဲသွားယူ.....ယူ...."

"ကျစ်...မင်းဟာလေ သိပ်ကို အရစ်ရှည်တယ် ခန့်ထည်"

"ဒုန်း!!!!"

"ဟာ....."

သူ့ကို မဆီမဆိုင် ပြောပြီး ကားတံခါးကို
ဒုန်းကနဲ ဖြစ်အောင် ပိတ်သွားတဲ့ အကိုလေးကြောင့်
ခေါင်းတစ်ချက်ကုတ်ကာ 'ဟာ' ခနဲထွက်မိသည်.....

"အကိုလေးစုတ်...စေတနာနဲ့ပြောတာကို...."

ကားထဲမှာ ပွစိစိနဲ့ ပြောနေတဲ့ခန့်ထည်ကို စကား
ဆက်မပြောတော့ဘဲ စံအိမ်ထဲပြန်ဝင်လာခဲ့သည်...

ဘာကြောင့်လည်းဆိုရင် ဒီခိုးကြောင်ခိုးဝှက်
ပုန်းနေတဲ့ သူမလေးရဲ့ မျက်နှာအနေအထားက
အစောပိုင်းတုန်းက ပြောခဲ့တဲ့စကားကြောင့်
ဘယ်လိုဖြစ်နေမလည်းဆိုတာ သိချင်စိတ်ဖြင့်သာ.......

"စေ" ပြောပြီးတာနဲ့ ကားထဲမှ တစ်ဖန်ပြန်ထွက်ကာ
စံအိမ်ထဲ ‌ပြန်ဝင်လာတော့..........

"ဘွားဘွားထား  ဦး...ဦး...ဦးစေကလေ....."

"......"

"မေ့မေ့ကို ကတိပေးထားခဲ့တယ်ဆို....."

👑ဘုရင်ရဲ့ မုဒြာ👑Where stories live. Discover now