♕︎👑ဘုရင့်ရဲ့မုဒြာ👑♕︎ (အပိုင်း-၂)
"စားဖိုဆောင်အတွက်အလုပ်သမားအသစ်ခန့်လိုက်ပြီဆို
ဟုတ်လား ဒေါ်ထားခင်""ဟုတ်ပါတယ်သခင်ကြီး....ဟိုတစ်နေ့က သခင်လေးဖြုတ်လိုက်လို့ပြုတ်သွားတဲ့နေရာမှာ အစားသွင်းလိုက်တာပါ..."
"သန့်ရှင်းရေးအလုပ်သမားပြုတ်တာလေ စားဖိုဆောင်ဝန်ထမ်းခန့်လိုက်တယ်? ဘာလို့လည်း ဒေါ်ထားခင် ခင်ဗျားကအလုပ်သမားခေါင်းဆောင်
တစ်ခါမှဒီလိုမဖြစ်ဖူးပါဘူး....""သူကဟင်းချက်တဲ့ဘက်မှာအားသာတယ်
ကျွန်မအထင် သခင်လေးသဘောတွေ့နိုင်လောက်မယ့်
အစားစာတွေကိုချက်ပြုတ်ပေးနိုင်တဲ့အရည်အချင်းရှိလို့ပါ....""ခင်ဗျားမသိတာလား? စေဘုရင် ဆိုတဲ့ကျုပ်မြေးက
သူ့အမေလက်ရာမှသူ့အမေလက်ရာလေ...ဘယ်သူဘာဟင်းချက်ချက် သူ သဘောမတွေ့ရင်ဖြုတ်ပစ်တာ!""ကျွန်မသိပါတယ်သခင်ကြီး ဒါပေမယ့်ဒီကလေးမက
လုပ်နိုင်မယ်ထင်လို့ပါ....သခင်ကြီးကိုယ်တိုင်သူ့ကိုတစ်ခါလောက်တော့ စမ်းသပ်ကြည့်လို့ရပါတယ် ......""ငါကအိမ်စေတစ်ယောက်အတွက်နဲ့ အလုပ်ရှုပ်ခံပြီး
မစမ်းသပ်ဘူး!...ခင်ဗျားသဘောတွေ့ရင်ခန့်လိုက်ပါ...
ဒီလောက်ဆိုသဘောပေါက်မယ်လို့ထင်တယ်
ခင်ဗျားသွားလို့ရပြီ ကျုပ်နားတော့မယ်....
ပြီးတော့ "ဘုရင်" ကိုသေချာစောင့်ကြည့်ထားပါ...""ဟုတ်ကဲ့ပါသခင်ကြီး....ဒါဆိုကျွန်မကိုခွင့်ပြုပါဦး...."
~~~~~~~~~~~~~~~~~~~~~~~~~~~
"ရှင်! ဒါဆိုညိုနဲ့သမီးလေးနဲ့နေစရာတစ်နေရာရပြီ...
ကျေးဇူးတင်လိုက်တာအရီးရယ် အရီးရဲ့ကျေးဇူးတွေကိုဘယ်လိုဆပ်ရမလည်းတောင်မသိတော့ဘူး..."တကယ်ဆိုညိုသိပ်ပျော်နေမိတယ် သမီးလေးနဲ့နေစရာတစ်နေရာအပြင်အလုပ်ပါရလို့ မုဆိုးမသွားလေရာမိုးလိုက်လို့ရွာဆိုပေမယ့် ဒီမိုးကြောင့်ဘဲညိုနဲ့သမီးလေး
လျှောက်သွားရင်းဒီနေရာထိရောက်လာခဲ့ရခြင်း"အခုချိန်ကစပြီးတော့ညိုမြက အရီးဟိုတစ်နေ့ကပြောတဲ့အတိုင်းပုံမှန်လေးသာလုပ်သွားဘယ်သူမှမရိပ်မိစေရဘူး...."
YOU ARE READING
👑ဘုရင်ရဲ့ မုဒြာ👑
Random*𝑺𝒂𝒚 𝑩𝒂𝒚𝒊𝒏......♔︎♔︎♔︎* "ဘုရင့်ရဲ့မုဒြာ Ⓗ︎Ⓘ︎Ⓝ︎Ⓣ︎ " မင်းရဲ့အသက် ၁၂ နှစ်ပြည့်မွေးနေ့ကနေ စပြီး ငါ့ အသက် ၁၀ နှစ်ကနေ အခုအသက် ၂၀ ထိ မိသားစု မရှိဘဲအထီးကျန်စွာ နေခဲ့ရသလို မင်းလည်း နေရမယ် ပန်းမုဒြာ...... မင်းဘယ်တော့မှ အပြင်လောက ကို ထိတွေ့ မဆက်ဆံရဘူ...