Chapter ( 28 )

832 16 0
                                    

👑ဘုရင့်ရဲ့မုဒြာ👑 အပိုင်း (၂၈)

အခုချိန်ထိ မျက်နှာလေးဟိုဘက်လွှဲကာ
ဝမ်းနည်းနေသူလေးကို "စေ" ကြည့်ပြီး
သူမလေးရဲ့ဆေးပိုက်မသွင်းထားတဲ့
လက်ဖဝါးလေးတစ်ဖက်ကို ယုယမှု၊နွေးထွေးမှုတွေ
နဲ့အတူ စုပ်ကိုင်လိုက်သည်...…..

"ကိုယ်မင်းဆီက ခွင့်ပြုချက်မတောင်းဘူးဆိုတာ
တောင်းစရာလိုမယ်လို့ မထင်ခဲ့ဘူး....."

"......."

"ဘာလို့ဆို မင်းရဲ့ ဆံနွယ်ကအစ ခြေဖျားအဆုံး
မင်းကို ကိုယ်ပိုင်တယ်ဆိုတာမှတ်ထားပါ......"

"....."

"ငါးနှစ်တာဝေးကွာခဲ့တဲ့အချိန်မှာ
ကိုယ့်နှလုံးသားက တစ်ခါ‌လေးတောင်
မစိမ်းသက်ခဲ့ဖူးပေမယ့်.......
မင်းကို ကိုယ်ဘယ်တော့မှ မမုန်းခဲ့ဘူးဆို‌တာတော့
မင်းကို သိထားစေချင်တယ်......"

ဦးစေရဲ့ အေးဆေးစွာ ရှင်းပြချက်အဆုံး
မုဒြာ ဦးစေကို နားမလည်နိုင်စွာ ကြည့်မိသည်.....

'‌ဦးစေက မုဒြာကို မမုန်းဘူးဆိုရင် 
မုဒြာကိုချစ်လား....
ကိုယ့်နှလုံးသားက မစိမ်းသက်ဘူးဆိုတဲ့အရာက
ဘာကိုဆိုလိုချင်တာလည်း.......?
ဦးစေရဲ့စကားတွေကို မုဒြာ မယုံရဲဘူး....
တစ်ခါတစ်လေကျတော့လည်း နားမလည်ဘူး....
မုဒြာ အသက် ၁၂ နှစ်တုန်းက
လူဆိုးလေးရဲ့ ရက်ပန်ဇယ် ပုံပြင်ပြောပြတုန်းက
ချစ်တယ်လို့ ‌ပြောခဲ့တဲ့စကားက ကလေးတစ်ယောက်
ကို ဒီအတိုင်းပြောပေမယ့် အခုစကားက
ဘာအဓိပ္ပာယ်လည်း ဦးစေ.....'

ဒီစကားကို ဦးစေ မကြားနိုင်ပေမယ့်
မုဒြာ ဦးစေကို တွေတွေလေးကြည့်ကာ
စိတ်ထဲမှဆိုနေမိသည်.....

'မုဒြာ ကလေး ဘဝတုန်းက ဦးစေ မုဒြာကို
ထားခဲ့တယ်.....
ဒီလှောင်အိမ်ကြီးထဲမှာ......
မေမေ့ကို ဂလဲ့စားချေချင်တာနဲ့ဘဲ
မုဒြာကို ဒီစံအိမ်ကြီးထဲမှာ လှောင်ပိတ်ထားခဲ့တယ်....
ဦးစေက မုဒြာကို မမုန်းဘူးလို့ဆိုပေမယ့်
ဦးစေရဲ့ အမိန့်တွေက မုဒြာကို မွန်းကျပ်စေတယ်.....'

အတန်ကြာအောင် တစ်ယောက်နဲ့တစ်ယောက်
အတွေးတွေကိုယ်စီနဲ့ စိုက်ကြည့်နေရင်းမှ......

👑ဘုရင်ရဲ့ မုဒြာ👑Where stories live. Discover now