♕︎👑ဘုရင့်ရဲ့မုဒြာ👑♕︎ အပိုင်း(၄)
မီးရောင်စုံတွေဖြိုးဖြိုးဖျက်ဖျက်ထနေတဲ့ကြားက
ဝိုင် ၊ အသီးများ ၊ အစားအသောက်များဖြင့်တည့်ခင်း ဧည့်ခံမှုကို လက်ခံကာ ထိုင်စကားပြောနေသည့်
အဘိုးဖြစ်သူ ဦးရာကျော်ရဲ့ စီးပွားရေး ပါတနာများ ကြားထဲကို "စေ"ဝင်လာခဲ့သည်..."မောင်စေဘုရင် လာလေကွဲ့...."
"စေ"ထို လူများကို တစ်ချက်ကြည့်ပြီး ဒူးတစ်ဖက်
ချိတ်ကာ ဝင်ထိုင်လိုက်သည်..."ဦးရာကျော် ဘာတွေ အဲ့လောက်တောင် အလုပ်ရှုပ်နေလို့ မောင်စေဘုရင်ကို ဘဲ လွှတ်လိုက်တာလည်း...?"
"ကျနော် စိတ်မဝင်စားလို့ မသိဘူး...."
"စေ" အေးတိအေးစက် အသံဖြင့် ပြောလိုက်သဖြင့်
ထိုလူများ အင်တင်တင်(မသိသလိုပြုမူတဲ့ပုံစံ)
ဖြစ်သွားသည်"ဒီပါတီပွဲက ဘယ်သူကျင်းပတာလည်းဆိုတာရော
မောင်ရင် သိရဲ့လား.…?"မေးလာသည့်ထိုလူကို "စေ"တစ်ချက်ကြည့်ကာ
"အဟွန်း...အဘိုးကကျနော့်ကို ကိုယ်စားလွှတ်လိုက်တာ
ဘယ်သူ့ပါတီလည်းဆိုတာ မပြောလိုက်ဘူး...""အားလုံးဘဲ မင်္ဂလာပါရှင့် ....."
စတိတ်စင်ပေါ်ကနေထွက်လာတဲ့မိန်းကလေးအသံကြောင့် 'စေ့' မျက်လုံးကထိုစင်ပေါ်ကမိန်းကလေးဆီသို့
အနီရင့်ရောင်ဝတ်စုံနဲ့လှနေတဲ့သူမကို စေ တစ်ချက်ငေးကြည့်မိသည်....
"ဒီနေ့ကတော့ နီ့ ရဲ့ မွေးနေ့ဆိုတော့ ကြွရောက်လာတဲ့
လူကြီးမင်းများကိုကျေးဇူးတင်ပါတယ် ပြီးတော့
နီ့ရဲ့𝐃𝐀𝐃 ကို လည်းကျေးဇူးတင်သလိုအရမ်းလည်းချစ်ပါတယ်...ဒီပွဲကို ခမ်းခမ်းနားနားဖြစ်မြောက်အောင်လုပ်ပေးလို့ပါ...""မောင်ရင့်အဘိုးရဲ့ ယုံကြည်ရတဲ့ လုပ်ငန်းပါတနာ
ဦး မဟာထွဍ်ခေါင် ရဲ့ သမီး နီလာထွဍ်ခေါင်ရဲ့မွေးနေ့လေ...ဟိုဘက်ဝိုင်းမှာထိုင်နေတာကတော့ သူ့သားဇာနည်ထွဍ်ခေါင် ဘဲ...""စေ" သူ့ဘေးနားက ထိုလူက မမေးဘဲ ပြောပြနေတာကြောင့်
"ကျနော် မေးလား...?"
YOU ARE READING
👑ဘုရင်ရဲ့ မုဒြာ👑
Random*𝑺𝒂𝒚 𝑩𝒂𝒚𝒊𝒏......♔︎♔︎♔︎* "ဘုရင့်ရဲ့မုဒြာ Ⓗ︎Ⓘ︎Ⓝ︎Ⓣ︎ " မင်းရဲ့အသက် ၁၂ နှစ်ပြည့်မွေးနေ့ကနေ စပြီး ငါ့ အသက် ၁၀ နှစ်ကနေ အခုအသက် ၂၀ ထိ မိသားစု မရှိဘဲအထီးကျန်စွာ နေခဲ့ရသလို မင်းလည်း နေရမယ် ပန်းမုဒြာ...... မင်းဘယ်တော့မှ အပြင်လောက ကို ထိတွေ့ မဆက်ဆံရဘူ...