Chapter ( 12 )

766 21 0
                                    

👑ဘုရင့်ရဲ့မုဒြာ👑 (အပိုင်း-၁၂)

ဂန္တဝင်တေးဂီတဝိုင်းမှထွက်ပေါ်လာသော
တေးသံငြိမ့်ငြိမ့်က လူအများ၏စိတ်ကို
အေးချမ်းစေ...
အနီရောင်နှင်းဆီပန်းတွေကိုသာ
အဓိကအလှဆင်ထားပြီး...

အချစ်သင်္ကေတဖြစ်တဲ့ချောကလက်ကိတ်ကို
စေ့စပ်ပွဲအောင်မြင်အောင် သက်သေထူဖို့အတွက်
ကျင်းပမည့်နေရာရဲ့ အလယ်ဗဟိုတည့်တည့်မှာထားလျက်.....

စိန်ပန်းနီနီစံအိမ်🌺🌺🌺⛪ ရဲ့ ခမ်းနားမှုတွေက
တာဝတိံသာနတ်ပြည်အလား....

𝑳𝒂𝒓𝒈𝒐𝒔𝒆 တံဆိပ်ပါ နက်ကတိုင် အနီရောင် ကို
အင်္ကျီလက်ရှည်အနက်ရောင်ပေါ်မှ
ဝတ်ဆင်ထားပြီး....

𝑫𝒊𝒐𝒓 တံဆိပ်ပါအင်္ကျီကြက်‌သွေးရောင်
လက်ရှည်နဲ့ဘောင်းဘီရှည်ကိုလိုက်ဖက်ညီစွာဝတ်ဆင်ထားလိုက်ပြီး အကောင်းစား
ပြင်သစ်ရေမွှေး အနည်းငယ်ကို စွတ်လိုက်သည်....

ခမ်းနားထည်ဝါလှသော တံခါးကြီး
ပွင့်သွားသည်နဲ့အတူ.....

𝑳𝑽 တံဆိပ်ပါ ယောကျာ်းဆန်သော
အညိုရောင်ဖိနပ်ကိုစီးပြီး စေ့စပ်ပွဲအခမ်းနားရှိရာသို့ လျှောက်လှမ်းလာခဲ့သူက "စေဘုရင်"ဆိုသည့်ယောကျာ်းပင်.......

"ဦးရာကျော် ခုလိုအလောတကြီးစေ့စပ်ပွဲကျင်းပမယ်လို့
ကျနော်လုံးဝမထင်ထားဘူးဗျာ....."

"ကျနော့်မြေး စေဘုရင်က မနက်ဖြန်ဆို 𝑳𝑨 ကို
ပညာတော်သင်သွားတော့မှာလေဗျာ....
အဲ့ဒါကြောင့်အခုလို လောရတာပေါ့ဗျ...."

"ဦးရာကျော်ရဲ့ မှန်ကန်ပြီး အေး²ဆေး²
ဆုံးဖြတ်နိုင်စွမ်းကို ကျနော်တို့ လိုက်မမှီတော့ဘူးဗျာ...."

"မြှောက်ပြောနေပြန်ပါပြီ....ဦးမဟာထွဍ်ခေါင်ကလည်း
ဟားဟား......."

လူကြီးတွေတစ်ယောက်နဲ့တစ်ယောက် စကားပြောကောင်းနေတုန်း နီ တစ်ယောက် မောင့်အလာကို
မျှော်နေမိသည်....

"ဒါက မောင့်ရင့်သား ဇာနည်ထွဍ်ခေါင်လား
တော်တော်ထွားလာပြီဘဲ....."

"ဇာနည်..သား..ထ နှုတ်ဆက်လိုက်ပါဦး
ဒါက ဦးရာကျော်ဘဲ...."

"ဟုတ်ကဲ့တွေ့ရတာဝမ်းသာပါတယ်ခင်ဗျ..."

👑ဘုရင်ရဲ့ မုဒြာ👑Where stories live. Discover now