👑ဘုရင့်ရဲ့မုဒြာ👑 (အပိုင်း-၄၂)
<<<<®®®®
ဒယ်ဒီရော ၊ ဇာနည်ရော အိမ်မှာ မရှိလို့
"နီ" စိတ်ညစ်ညစ်နဲ့ကလပ်တက်ဖို့ ထွက်လာခဲ့သည်...ခြံထဲက ထွက်ထွက်ချင်း
ကားမောင်းရင်းနဲ့ စိတ်ထဲမသင်္ကာလို့
ကားမှန်မှတစ်ဆင့် ကြည့်လိုက်တော့
"နီ့"နောက်ကို ကားတစ်စီးစီး လိုက်လာသလိုပင်
ခံစားရသည်။စိတ်ထဲကဘဲ ထင်တာနေမှာပါဟု အရှိန်လျှော့ပြီး
မောင်းနေရင်းမှ "နီ့" အရှေ့လာပိတ်ရပ်သော
ကားတစ်စီးကြောင့် ခပ်မြန်မြန် ဘရိတ်အုပ်လိုက်ရသည်။"တောက်! ဘာလည်းဟ"
"နီ" စိတ်တိုတိုနဲ့ ကားထဲကဆင်းတော့
ထွက်လာကြတဲ့ ယောက်ျားသားတစ်ချို့.....ထိုကားဆီသွားမယ့် "နီ့" ခြေလှမ်းဟာ
လမ်းတစ်ဝက်မှာတင် ရပ်တန့်သွားရပြီး
အနောက်ပြန်လှည့်မလိုလုပ်တော့
"နီ့" ကားနားမှာ ရပ်ထားတဲ့ကားနှစ်စီးအပြင်
နောက်ထပ် လူတွေက သုံးလေးယောက်လောက်ရှိသည်။"ရှင်တို့တွေ ဒါဘာလုပ်တာလည်း!"
"ဟျောင့်တွေ သူ့ကိုဖမ်း...."
"နီ့" အနား တဖြည်းဖြည်း ကပ်လာတဲ့
ထိုလူတွေကြောင့် ခြေလှမ်းက ရှေ့တိုးရမလို
နောက်ဆုတ်ရမလို ဖြစ်နေတာကြောင့်....."ရှင်တို့တွေ လူမှားနေပြီနော်...!!!"
"နီ့" ကို ဝိုင်းထားတဲ့ ထိုလူတွေကြားမှ
စိုးရိမ်ထိတ်လန့်စွာ ထွက်ပြေးဖို့ ပြင်ဆင်လိုက်တော့"လွှတ်.....!!! အု.....လွှတ်......လွှတ်.....……"
"နီ့"ကို ကောက်ချီပြီး ကားထဲ အတင်းထိုးထည့်ကာ
လှုပ်မရအောင် နီ့ လက်ကိုချုပ် ပါးစပ်ကို တိတ်နဲ့ပိတ်ပြီး
အမည်မသိတဲ့လူ ပြောလိုက်တာက"ဒီမှာ မင်းနားထောင်ကြည့်....."
ထိုလူက ဖုန်းထဲမှ အသံ record တစ်ခုကို
ဖွင့်ပြပြီးချင်းချင်း ကြားလိုက်ရတဲ့ အသံက"နီလာထွဍ်ခေါင်......
မင်းကို ခဏလောက်တော့ ငါဝှက်ထားမယ်.....
မင်းထွက်ပြေးဖို့ မစဉ်းစားပါနဲ့......"
YOU ARE READING
👑ဘုရင်ရဲ့ မုဒြာ👑
Random*𝑺𝒂𝒚 𝑩𝒂𝒚𝒊𝒏......♔︎♔︎♔︎* "ဘုရင့်ရဲ့မုဒြာ Ⓗ︎Ⓘ︎Ⓝ︎Ⓣ︎ " မင်းရဲ့အသက် ၁၂ နှစ်ပြည့်မွေးနေ့ကနေ စပြီး ငါ့ အသက် ၁၀ နှစ်ကနေ အခုအသက် ၂၀ ထိ မိသားစု မရှိဘဲအထီးကျန်စွာ နေခဲ့ရသလို မင်းလည်း နေရမယ် ပန်းမုဒြာ...... မင်းဘယ်တော့မှ အပြင်လောက ကို ထိတွေ့ မဆက်ဆံရဘူ...