Chapter ( 26 )

779 19 0
                                    

👑ဘုရင့်ရဲ့မုဒြာ👑 အပိုင်း(၂၆)

°°°ရင်၌စူးသောဓါး°°°🗡️💔

'အန်တီမေညိုက ဦးစေရဲ့အဖေနဲ့အမေကို
မကယ်ဘဲ ထွက်ပြေးခဲ့တာလား?'

'ဟင့်အင်း အန်တီမေညိုက မုဒြာရဲ့မေမေဆို
ဘယ်တော့မှ ဒီလိုလုပ်မှာမဟုတ်ဘူး!
လုပ်လည်း လုပ်မှာမဟုတ်ဘူး!'

"သူ့ကြောင့် ဖြစ်တယ်ဆိုပြီး
တစ်ခုခု ဖြစ်မှာကြောက်လို့
သခင်လေးရဲ့ အဖေနဲ့ အမေကို မကယ်ဘဲ
ထွက်ပြေးလာခဲ့တာတဲ့......"

"ဗုဒ္ဓေါ!!!"

မယုံနိုင်အောင်ကြားလိုက်ရတဲ့ စကားကြောင့်
မုဒြာ ခန္ဓာကိုယ်လေးဟာ တင်္ဒဂမျှ
အသက်မဲ့သွားရသလို
အခုပြောလိုက်တဲ့စကားတွေက
နားထဲမှမထွက်......

မုဒြာ နားထောင်ဖို့ အင်အားမရှိတော့လို့
ခြေလှမ်းလေး တုန်ရင်စွာ ပြန်လှည့်ချိန်မှာ ....

"သခင်လေးက ငယ်ငယ်ရွယ်ရွယ်နဲ့
မိဘမရှိဘဲ ကြီးပြင်းလာခဲ့ရတာဘဲ.....
ဒါ့ကြောင့် သူက မုမုလေးရဲ့ အမေကို
နာကျည်းတာကိုးးးး"

"မုမုလေးက အပြစ်မရှိပါဘူး မိအေးရယ်...."

"........"

"သခင်လေးက မိဘနဲ့ သားသမီး
ငယ်ငယ်ရွယ်ရွယ်နဲ့ မဆုံနိုင်တော့အောင်
ကွဲကွာသွားတဲ့ ခံစားချက်ကို သိစေချင်လို့
ညိုမြနဲ့ မုမုလေးကို ခွဲထားခဲ့တာ....."

"ဒါဆို သခင်လေးက သူခံစားရသလို
မုမုလေးရဲ့ အမေကို ခံစားစေချင်လို့
မုမုလေးကို ခေါ်လာခဲ့တာပေါ့...."

"အင်းလေ....ဒါပေမယ့် သခင်လေးက
မုမုလေးကို မမုန်းရှာပါဘူးကွယ်.....
ဒီကိစ္စကို မုမုလေးကို ပေးမသိပါနဲ့တဲ့.....
သူ့ကို မုန်းရင်မုန်းပါစေ ဒီကိစ္စကို
ပေးမသိပါနဲ့တဲ့ ...."

"မုမုလေး စိတ်ထိခိုက်မှာစိုးလို့နဲ့တူပါတယ်"

"ဟုတ်တယ်....မိအေး.....
ဟိုတစ်နေ့ကဆိုရင် မုမုလေးက စိတ်ကူးပေါက်ပြီး
ထွက်ပြေးမယ် လုပ်တုန်းက မုမုလေးက
သခင်လေးကို မုန်းတယ်ဆိုပြီး ပြောခဲ့တာ
သခင်လေးလည်း....အင်းးးး....."

မနေ့က ကိစ္စတွေကိုပြန်တွေးပြီး
ခေါင်းတစ်ချက်ခါလိုက်တဲ့ ဒေါ်ထားက

👑ဘုရင်ရဲ့ မုဒြာ👑Where stories live. Discover now