Chapter ( 16 )

730 14 0
                                    

👑ဘုရင်ရဲ့မုဒြာ👑 အပိုင်း (၁၆)

^စိမ်းသက်သွားသောနှလုံးသား...☘️✨💖°°°°°^

အိမ်လုံးချမ်းသာ ကမ္ဘာလုံးချမ်းသာ ဆိုတဲ့
ရောင်စုံလှပနေတဲ့ ကိုယ်တိုင်စိုက်ထားသည့်
ထိုပန်းခင်းလေးကို ကြည့်ကာ
လှချင်တိုင်းလှပပြီး လှသွေးကြွယ်နေတဲ့
ထိုပန်းခင်းကြီးအလယ်က အသက် ၁၇ နှစ်အရွယ်
ချစ်စရာ့ မိန်းမပျိုငယ်လေးတစ်ဦး........

"မုမုလေးရေ....စာလုပ်ရဦးမယ်နော်"

မီးဖိုချောင်ထဲမှ ယောင်းမတစ်ချောင်း
ကိုင်ကာထွက်လာပြီး
ဒေါ်ထားခင် စာ လုပ်ဖို့အသိပေးလိုက်ပြီဆိုလျှင်
ထိုရောင်စုံတဲ့ ပန်းအလှတွေနဲ့အပြိုင်
စူထွက်လာသော မက်မွန်ရောင် သန်းနေတဲ့
နှုတ်ခမ်းပါးလေးနဲ့သူမလေး.....ပန်းမုဒြာ°°°°°

"ဟွန်း....စာကလည်း လုပ်ရဦးမယ်"

"မလာသေးဘူးလား....မုမု"

ပါးလွှသောဂါဝန်ရှည်မိုးပြာရောင်
အနုလေးဝတ်ဆင်ထားပြီး
အချိုးကျတဲ့ထိုခန္ဓာကိုယ်လေးက
ဟိုယမ်းဒီယမ်း ဖြင့် လုပ်နေတော့
အဘွားဖြစ်သူရဲ့ စိတ်မရှည်သံကြားလိုက်ရပြီ
ဆိုလျှင် ထိုမိုးပြာနုရောင်ဂါဝန်အရှည်လေးကို ‌
ဝင်းမွတ်နေတဲ့ ခြေသလုံးဝင်းဝင်းလေးတွေ
ပေါ်တဲ့အထိ မ ကာ ပန်းခင်းထဲမှ ပြေးထွက်လာ
ခဲ့သည်မှာ ညနေခင်းအလှအပရဲ့ အေးချမ်းတဲ့
ပန်းချီအလှတစ်ချပ် အလား......❣️🌼☘️

မီးဖိုချောင်ထဲမှာ အလုပ်ရှုပ်နေတဲ့ ဒေါ်ထားခင်နဲ့
မိအေး ကို တစ်ချက်ကြည့်လိုက်ပြီး
ခြောက်လှန့်ဖို့ လုပ်လိုက်တဲ့ သူမလေး.....
ညစ်ကျယ်ကျယ်ပြုံးပြီး ခြေလှမ်းဖွဖွလေးနင်းကာ
ဖြည်းဖြည်းချင်း လှမ်းလာခဲ့ပြီဆိုလျှင်.....

"မိအေး...."

"ရှင့်  ကြီးမေ "

"မုမု ကို သွားခေါ်စမ်းပါအေ...."

"ကြီးမေ ခုနကဘဲ သွားခေါ်ထားတယ် မဟုတ်ဘူးလား"

"ဪ...ကယ် ငါလုပ်ထလိုက်ရ......
ညည်းတူမကို ငါခေါ်တာ အသက်ထွက်တော့မယ်
ခုချိန်ထိ အဲ့ပန်းခင်းထဲမှာဘဲရှိတုန်း..."

ယောင်းမတစ်ချောင်း ရွယ်ပြီးပြောနေတဲ့
ဒေါ်ထားခင်နဲ့ ခေါင်းလေးတစ်ချက်ပုသွားတဲ့
မိအေးတို့ရဲ့အခြေအနေကို ကြည့်ပြီး
အာရုံမစိုက်နိုင်သေးတဲ့ သူတို့နှစ်ဦးနား
ရောက်လာပြီဆိုလျှင်.…...

👑ဘုရင်ရဲ့ မုဒြာ👑Where stories live. Discover now