Chapter ( 24 )

740 16 0
                                    

👑ဘုရင့်ရဲ့မုဒြာ👑 အပိုင်း(၂၄)

"ဘာ....မုန်းမိလိမ့်မယ် ဟုတ်လား?"

ကိုယ်ကတောင် မင်းအမေကြောင့်နဲ့
မင်းကို မမုန်းရက်ခဲ့တာ....
မင်းက ဒီအကောင်ကြောင့်နဲ့
ကိုယ့်ကိုမုန်းမိလိမ့်မယ် ဟုတ်လား?
ကိုယ်မှားသွားပြီ....သိပ်ကိုမှားသွားပြီ.....

မင်းကို အစကတည်းကမုန်းခဲ့ရမှာ!
ဒါမှကိုယ့်အဖေနဲ့အမေအတွက်
မှန်ကန်တဲ့ ကလဲ့စားချေခြင်းဘဲ!
ဟုတ်တယ်....မင်းကိုမမုန်းခဲ့မိလို့ကိုယ်မှားသွားပြီ!

"စေ" ဇာနည်ထွဍ်ခေါင်ကို
ဆက်တိုက်ဆင့်ကဲထိုးနေရာမှ
ရပ်တန့်လိုက်ပြီး
ခြောက်ကပ်ကပ်လှောင်ရီသံတစ်ခုကို
အစပျိုးလိုက်သည်.......

"ဟားဟားဟားးးးးး....
အဟက်"

ဦးစေ ဟားတိုက် ရီနေပေမယ့် ဦးစေ ငိုနေတယ်...?
ဘာကြောင့်လည်း...?
မုဒြာတားတာ မှားသွားလို့လား.....💭

ဒါမှမဟုတ် /
          
       ဦးစေကို မုန်းမိလိမ့်မယ်လို့‼️
ပြောလိုက်လို့လား.....?💭

သူမလေးသူ့ကိုပြောတဲ့ မုန်းမိလိမ့်မယ်ဆိုတဲ့
စကားက နားထဲတွင် ပဲ့တင်ထက်လျက်....

ဒေါ်ထားခင် သခင်လေး ပြောတဲ့အတိုင်း
ဓားမ ယူပြီးပြန်လာတော့ မြင်မကောင်းအောင်
သွေးတွေထွက်နေတဲ့ ထိုကောင်လေးကြောင့်

"အမယ်လေး...မြတ်စွာဘုရား!!!"

ဟားတိုက်ရီနေတဲ့ သခင်လေးနဲ့
ကြောက်ရွံစွာ လက်အုပ်လေးချီထားတဲ့
မုမုလေး ကြောင့် ဘာတွေဘယ်လိုဖြစ်ကုန်မယ်မှန်း
မသိတော့......

သို့ပေမယ့်လို့.....
သခင်လေးက ဟားတိုက်ရီနေပေမယ့်
သခင်လေး မျက်ဝန်းထက်က မျက်ရည်များက
အထင်းသား.....

"စေ" အသက်ရှူကာ လေပြင်းပြင်းတစ်ချက်
မှုတ်ထုတ်လိုက်ပြီး ဆံပင်ကို လက်နှစ်ဖက်ဖြင့်
လှန်တင်လိုက်ပြီး သူမလေးနာမည်ကို
စခေါ်လိုက်သည်.....

"ပန်းမုဒြာ....."

"မင်းငါ့ကို မုန်းတယ် မလား.....? ဟမ်....!
ပြောစမ်းပါ...အားမနာနဲ့....."

အခေါ်‌အဝေါ်တွေကအစ ပြောင်းလဲသွားတဲ့ ဦးစေ!

"မဟုတ်ဘူးဦးစေ....မုဒြာက"

👑ဘုရင်ရဲ့ မုဒြာ👑Where stories live. Discover now