👑ဘုရင့်ရဲ့မုဒြာ👑 အပိုင်း(၂၀)
"ကိုယ်ရေချိုးတော့မလို့ အဝတ်ချွတ်နေတာ......"
နားနားကပ်ပြီး ပြောလိုက်တဲ့စကားကြောင့်
မုဒြာကြက်သီးမွှေးညင်းများ ထသွားရသလို
စိတ်ထဲကလည်း......"မုဒြာအိပ်နေတာကို ဘာလို့
လာပြောပြနေတာလည်း..….ဦးစေ"ခုချိန်ထိ မျက်စိပွင့်မလာသေးတဲ့
သူမလေးကြောင့် "စေ" ရီချင်စိတ်ကို
မနည်းထိန်းထားရသည်....."ကိုယ်ရေသွားချိုးပြီနော်....."
အသိပေးသံအဆုံး ရေချိုးခန်းတံခါးပိတ်သံ
ကြားလိုက်တာမို့ မုဒြာ အမြန်ကုန်းရုန်းထကာ......"နေပါဦး....ဦးစေကဘာလို့ ငါ့အခန်းထဲမှာ
ရေလာချိုးရတာလည်း?""ဂျလောက်!!!"
မုဒြာ ထထိုင်တုန်း ရှိသေး ရေချိုးခန်းတံခါးပြန်ပွင့်
လာတာကြောင့် တုံးအုံးအမြန်ပြန်လှဲလိုက်ပြီး
မျက်စိအမြန်ပြန်မှိတ်လိုက်သည်......."ရေချိုးတာအဲ့လောက်မြန်ရလား....ဦးစေ?"
"ကိုယ့်တပတ် ကျန်ခဲ့လို့ပြန်လာယူတာ......"
"စေ" တပတ် ကျန်ခဲ့လို့ ပြန်လာယူတော့
ပုံစံတစ်မျိုးပြောင်းကာ အိပ်ချင်ယောင်ဆောင်နေတဲ့သူမလေးကို ကြည့်လိုက်သည်....ခုနကအိပ်နေတုန်းက ဘေးတစောင်း
ခုအိပ်နေတာတော့ ပက်လက်လေး.......အိပ်ချင်ယောင်ဆောင်နေတဲ့ ကလေးပေါက်စကို
ဆက် မစချင်တော့တာကြောင့် ခေါင်းလေး
တစ်ချက်ခါပြီး ရေချိုးခန်းထဲဘဲ ဝင်လာလိုက်တော့သည်....."စေ" ရေပိုက်ကိုဖွင့်လိုက်ပြီး ကိုယ်ပေါ်ကျလာတဲ့ ရေစက်လေးတွေရဲ့ အေးမြမှုကို ခံစားနေမိသည်....
သူမလေးရဲ့လုပ်ပုံကို မျက်လုံးထဲပြန်မြင်လာကာ
ရေစက်တွေနဲ့ထိတွေ့ထားတဲ့ နှုတ်ခမ်းထက်မှ
ပြုံးကာဆိုမိတဲ့စကားတစ်ခွန်း....."အဟွန်း....ချစ်ဖို့ကောင်းလွန်းတယ် "
ဦးစေ ရေချိုးခန်းထဲ ဝင်သွားတာ ကြာသွားတော့မှ
မုဒြာ မျက်လုံးစုံပွင့်နိုင်တော့သည်.....
YOU ARE READING
👑ဘုရင်ရဲ့ မုဒြာ👑
Random*𝑺𝒂𝒚 𝑩𝒂𝒚𝒊𝒏......♔︎♔︎♔︎* "ဘုရင့်ရဲ့မုဒြာ Ⓗ︎Ⓘ︎Ⓝ︎Ⓣ︎ " မင်းရဲ့အသက် ၁၂ နှစ်ပြည့်မွေးနေ့ကနေ စပြီး ငါ့ အသက် ၁၀ နှစ်ကနေ အခုအသက် ၂၀ ထိ မိသားစု မရှိဘဲအထီးကျန်စွာ နေခဲ့ရသလို မင်းလည်း နေရမယ် ပန်းမုဒြာ...... မင်းဘယ်တော့မှ အပြင်လောက ကို ထိတွေ့ မဆက်ဆံရဘူ...