👑ဘုရင့်ရဲ့မုဒြာ👑 အပိုင်း(၂၂)
ညနေဘက်ရောက်တော့ "စေ" ညစာသွားစားဖို့
ခန့်ထည်ကိုကားထုတ်ခိုင်းထားသဖြင့်
ပြင်ဆင်စရာရှိတာ ပြင်ဆင်ရသည်.....အခန်းထဲကို ခြေဦးတောင် လှည့်မလာသေးတဲ့
ကလေးမက ကိုယ့်ကို စိတ်ကောက်နေမှန်းသိပါသည်ဒါ့ကြောင့်လည်း ကိုယ့်ကို ခုချိန်ထိ
မျက်နှာချင်းတောင်မဆိုင်သေး......."အကိုလေး ကားအဆင်သင့်ဖြစ်ပါပြီ.…"
"အင်းသွားမယ်....."
"စေ"အောက်ထပ်ကိုဆင်းလာတော့
သူမလေးရှိများရှိမလားဆိုပြီး မျက်လုံးက ဝှေ့ပတ်
ရှာကြည့်မိသေးသည်.....
ဘယ်နေရာမှာအပုန်းကောင်းနေမှန်းလည်းတော့
မသိ....မုဒြာ ဦးစေကို စကားမပြောချင်လို့ ခြံထဲက
ပန်းပင်လေးတွေကို စိတ်ပြေ လက်ပျောက်ဖြင့်
ရေလောင်းပေါင်းသင်နေမိသည်......."ဦးစေ အကျင့်ပုတ်ကိုစကားလုံးဝမပြောဘူး....
ဟွန့်"မုဒြာ တရုတ်စကားပန်းလေးကို စိုက်လည်းစိုက်
ဦးစေကြီးကို မကျေမနပ်ဖြင့် ပြောနေမိသည်....."စေ" ကားထဲဝင်တဲ့အထိ
သူမလေးခုချိန်ထိမတွေ့သေး.....
ဘယ်မှာများလည်း....?ကလေးမ ဘယ်မှာများရှိမလည်းဆိုတာ
စဉ်းစားရင်း မျက်လုံးက ခြံဝန်းထဲက
သူမလေးစိုက်ထားတဲ့ ပန်းပင်တွေ အပင်တွေဆီ
ရောက်သွားတာကြောင့် ခြံထဲကို လှမ်းကြည့်လိုက်တော့
လက်မှာ မြေဆွေးတွေနဲ့ အပင်စိုက်နေတဲ့
ကလေးငယ်ကြောင့် ကားပေါ်ကနေ ပြန်ဆင်းလိုက်ပြီး
သူမလေးရှိတဲ့နေရာသို့ ခြေလှမ်းလှမ်းလိုက်သည်....."ဟုတ်ပြီ.....နင်တို့လေးတွေကို ငါသေသေချာချာ
လုပ်ပေးပေးပြီဆိုတော့ ကောင်းကောင်းမွန်မွန်
ကြီးထွားလာရမယ်နော်...….""စေ" သူမလေးနားတဖြည်းဖြည်း
နီးကပ်လာတာနှင့်အမျှ
တစ်ယောက်တည်းစကားတွေပြောနေတဲ့
ကလေးမကြောင့် အနောက်ကနေ
ခဏရပ်ကြည့်နေမိသည်......"ဆက်လက်ရှင်သန်ကြီးထွားဖို့ နေရောင်ခြည်လေး
ရတဲ့ဘက်ကို ငါစိုက်ပေးထားတယ်သိလား.....
နင်တို့လေးတွေ လွတ်လပ်စွာရှင်သန်ကြီးထွားရင်
ငါအသက်ဆက်ရှင်သန်နေရသလိုဘဲ သိလား....."
YOU ARE READING
👑ဘုရင်ရဲ့ မုဒြာ👑
Random*𝑺𝒂𝒚 𝑩𝒂𝒚𝒊𝒏......♔︎♔︎♔︎* "ဘုရင့်ရဲ့မုဒြာ Ⓗ︎Ⓘ︎Ⓝ︎Ⓣ︎ " မင်းရဲ့အသက် ၁၂ နှစ်ပြည့်မွေးနေ့ကနေ စပြီး ငါ့ အသက် ၁၀ နှစ်ကနေ အခုအသက် ၂၀ ထိ မိသားစု မရှိဘဲအထီးကျန်စွာ နေခဲ့ရသလို မင်းလည်း နေရမယ် ပန်းမုဒြာ...... မင်းဘယ်တော့မှ အပြင်လောက ကို ထိတွေ့ မဆက်ဆံရဘူ...