Chapter ( 14 )

732 20 0
                                    

👑ဘုရင့်ရဲ့မုဒြာ👑 အပိုင်း(၁၄)

ဇာနည့်ကို ထပ်ထိုးဖို့ရည်ရွယ်လိုက်တဲ့လက်သီး‌က
ခန့်ထည်ဝင်တားလိုက်လို့လေပေါ်မှာတင်
ရပ်တန့်သွားရသည်။
အကိုလေးက အဲ့ကလေးမနဲ့ပတ်သက်ရင်
ဘာဆိုဘာမှမမြင်တော့တဲ့သူတစ်ယောက်ဆိုတာ
သူသာအသိဆုံးမို့.......

"စေ" လွှတ်ဆိုတဲ့ အကြည့်နဲ့ ခန့်ထည်ကို
ကြည့်လိုက်တော့ အရိပ်ပြအကောင်မြင်တဲ့
ခန့်ထည်က ချက်ချင်းလွှတ်ပေးလိုက်ရသည်....

"ပြော.....မင်းနဲ့ ကလေးနဲ့ ဘယ်ကနေဘယ်လို
စတွေ့တာလည်း...."

"စေ" ဒေါသတကြီးနဲ့
မေးလိုက်လျှင် ဇာနည်စဉ်းစားသလိုပုံစံမျိုးဖြင့်

"အမ်......ဘယ်လိုပြောရမလည်း...?"

"....."

"မုမုလေးကိုစတွေ့တာ စေကမ္ဘာ ကစားကွင်းမှာ....
ဒုတိယတစ်ခေါက်က 𝙂𝙡𝙖𝙭𝙮 𝙢𝙖𝙡𝙡 မှာ....
တတိယတစ်ကြိမ်က လုံးဝမထင်မှတ်ထားတဲ့
စိန်ပန်းနီနီဆိုတဲ့ စံအိမ်မှာ.......!"

"......."

"ပထမတစ်ခေါက်စတွေ့တုန်းကတော့ အမျိုးသမီး
တစ်ယောက်နဲ့ အဲ့တုန်းက ကျနော်ဘောလုံးကန်နေတာ
မထင်မှတ်ဘဲဘောလုံးက မုမုလေး
ဒန်းစီး‌တဲ့နေရာကို
ရောက်သွားတာ.....အဟွန်း.....ကလေးမက ချစ်ဖို့
ကောင်းလွန်းလို့ အဲ့မှာ စရင်းနှီးတယ်ဘဲ
ပြောရမလား
ဘောလုံးကသူ့ဆီ ရောက်သွားတော့ ကျနော့်ကို
ကောက်ပေးတယ်....ပြီးတော့ ဦး လို့ ကျနော့်ကို
ခေါ်တယ်....ကျနော်က ကိုကို လို့ဘဲခေါ်ပါ
ကလေးလို့ပြောတော့ သူက "ဟုတ် " တဲ့...."

"စေ" လက်သီးကို တင်းတင်းစုပ်ထားလျက်
နားထောင်နေမိသည်.....

"ဒုတိယတစ်ခေါက်က အစ်မဖြစ်သူ ခင်ဗျားနောက်
လိုက်ရင်းနဲ့ ကျနော်ပါအနောက်ကနေ
လိုက်လာခဲ့တာ
အဲ့တုန်းကတော့ ကျနော်က "စေဘုရင်" ဆိုတဲ့လူ
ဘယ်သူနဲ့ဘဲ သွားသွား....စိတ်မဝင်စားဘူး....
ဒါပေမယ့်...အဲ့တုန်းက ခင်ဗျားကိုင်ထားတဲ့လက်က
ကလေးလက်ဖြစ်နေတာဘဲ.....
ခင်ဗျားသန့်စင်ခန်းသွားတုန်း....
ခင်ဗျားထားခဲ့တဲ့ကလေးကိုကျနော်
ဝင်နှုတ်ဆက်ခဲ့တာ.......
အကူအညီလိုရင် ကိုကို့ပြောနော် ဆိုတော့...
"ဟုတ်"တဲ့...."

👑ဘုရင်ရဲ့ မုဒြာ👑Where stories live. Discover now