Chapter ( 13 )

793 22 0
                                    

👑ဘုရင့်ရဲ့မုဒြာ👑 အပိုင်း(၁၃)

"ကိုကို......!"

"ကလေး......!"

အားကိုးတကြီးပြေးဝင်လာတဲ့
သူမ ခန္ဓာကိုယ်လေးကို
ဇာနည် တင်းတင်းကျပ်ကျပ်လေး
ဖက်ထားလိုက်သည်...
ရင်ခွင်ထဲမှာ ရှိုက်သံလေးများက
ပလုံစီစွာ ထွက်ပေါ်နေ....
ဘာကြောင့်ဒီလောက်ထိသူမလေး ငိုနေရပါလိမ့်....?

"ဒီကိုပြန်လာခဲ့....ပန်းမုဒြာ!"

"အီးဟီး.........အဟင့်...အဟင့်"

‌"စေ" တကယ်တော့ သူမလေးကို မ‌အော်ချင်ဘဲအော်မိသွားတာကို "စေ"ကလွဲပြီး
ဘယ်သူသိမှာတုန်း....?

မနက်ကတည်းက စိတ်ပူပြီးရှာတာကြ‌တော့
မတွေ့ဘဲ ပွဲပြီးခါနီးမှ နှင်းဆီပန်းတွေ
ဆော့နေတယ်ဆိုတာကြောင့်
အဆူးဆူးမိရင် သူမလေးဘဲနာကျင်ရမှာမလားဆိုတဲ့စိုးရိမ်ဒေါသနဲ့ နောက်မဆော့မိအောင် ဆိုပြီး
အော်မိသွားတာကို သူမလေးဒီလောက်ထိ
ငိုသွားမိမယ်မှန်းမထင်.…
ပိုဆိုးတာက သူမလေးက ကိုယ်မဟုတ်တဲ့
တခြားသူရဲ့ရင်ခွင်မှာ မျက်နှာအပ်ပြီး ငိုနေတာကြောင့်အတိုင်းမသိတဲ့ဒေါသများက
မျက်နှာထက်တွေအထင်းသား....

"ပြန်လာခဲ့လို့ ပြောနေတယ်လေ!!!!"

"မလာဘူး...အဟင့်...အဟင့်...."

"ဘာပြောတယ်!
တောက်!!!!"

သူ့ဆီမလာဘူးလို့ပြောနေတဲ့
သူမလေးအပေါ်ပိုပိုဒေါသထွက်လာသလို
ငိုနေတဲ့သူမလေးကိုသွားခေါ်ဖို့
ခြေလှမ်းလှမ်းလိုက်တဲ့အချိန်မှာ....

"မုမုလေးကို အရမ်းဒေါသမထွက်ပါနဲ့ဦး အကို"

ကလေးမကိုဒေါသမထွက်ရန် ပြောနေသည့်
ဇာနည်ထွဍ်ခေါင် ကို တစ်ချက်ကြည့်လိုက်ပြီး
ခေါင်းထဲဝင်လာတဲ့ အတွေးတွေက....
ကလေးမနဲ့ နီလာထွဍ်ခေါင်ရဲ့ မောင်
ဇာနည်ထွဍ်ခေါင်က ဘယ်တုန်းက
ဘယ်လိုသိကြတာလည်း....?

"ကလေး....မငိုနဲ့တိတ်တော့နော်..."

"ကိုကို...ဟင့်..ဟင့်..မု...မု..မုဒြာလေ....
အဲ့အန်တီလှလှကို သွေးထွက်အောင်
မလုပ်ဖူးသိလား"

"နီ့" ကို လက်ညိုးထိုးပြီး ပြောလာတာကြောင့်...

"ကလေးမ ဘာလို့လိမ်ပြောရတာလည်းဟမ်!"

👑ဘုရင်ရဲ့ မုဒြာ👑Where stories live. Discover now