👑ဘုရင့်ရဲ့မုဒြာ👑 အပိုင်း(၁၈)
ဆောင်းညလေပြေလေညှင်းရဲ့တိုက်ခတ်မှုက
ရန်ကုန်မှာထူးထူးခြားခြား အပူချိန် ၁၇° ထိရှိနေ....ရာသီဥတုကအမြဲတမ်းပူတယ်.....
အမြဲတမ်းအပူချိန်က ၄ဝ°အထက်ဆိုတာချည်းဘဲယနေ့ကျမှ ထူးထူးခြားခြား ၁၇°ထိအေးနေသည်မို့
"စေ" အနက်ရောင်လောင်းကုတ်အရှည်ကို
ဝတ်ဆင်ထားကာ ဖုန်းပြောပြီးနောက်
ထိုင်ရာမှထလိုက်ပြီး ကိုယ်တိုင်လက်ဂေ့ခ်ျဆွဲ၍
လေဆိပ်မှ ထွက်ခွာဖို့ ခြေလှမ်းလှမ်းလိုက်သည်......"အကိုလေး....လေဆိပ်အဝင်အဝမှာ
သတင်းထောက်တစ်ချို့ရှ်ိနေပါတယ်....."ခန့်ထည်ရဲ့ အသိပေး စကားသံကြောင့်
လေဆိပ်အဝင်အဝကို ကြည့်လိုက်လျှင်"ကျစ်....ငါမနက်ဖြန်မှ ပြန်လာမယ်ဆိုတဲ့ပုံစံမျိုး
လုပ်ထားတာတောင် ဒီနေ့ငါပြန်လာမယ်ဆိုပြီး
ဘယ်လိုသိနေတာလည်း သတင်းထောက်တွေက!""အကိုလေး မမလေးနဲ့ ဖုန်းပြောတုန်းက
ကျနော့်ကို 𝙇𝘼 က နိုင်ငံခြားကိုယ်စားလှယ်က
ဖုန်းလှမ်းဆက်ပြီး ပြောပြထားလို့ပါ......"ခန့်ထည်ရဲ့တင်ပြမှုအဆုံး
"စေ" သဘောပေါက်လိုက်ရသည်က......"ငါ့ကိုစောင့်ကြည့်နေတဲ့သူရှိတယ်!"
"ဗျာ!"
"အဟွန်း....ဘယ်သူဖြစ်မလည်း?"
"စီးပွားရေးလောကမှာ အကိုလေးကို
စောင့်ကြည့်တဲ့သူတွေ
တစ်ပုံချည်းပါအကိုလေး.....""စေ" ဆိုလိုတဲ့ အဓိပ္ပာယ်ကို
နားမလည်တဲ့ ခန့်ထည်ကြောင့်
"စေ" ခပ်ရေးရေးလေးသာ ပြုံးလိုက်ပြီး"အဟွန်း.....အဲ့လိုမဟုတ်ဘူး"
"ဗျာ....အာ့ဆို....?"
"ငါ့ပြန်ချိန်ကိုတောင် သိနေတဲ့သူမျိုး!"
"အကိုလေး ဒါမှမဟုတ် သခင်ကြီးများလား?"
"ငါ့အဘိုးက ဘယ်တော့မှ ပေါ်ပင် လုပ်တာ
မကြိုက်တာကိုတော့ ငါကောင်းကောင်းသိတယ်""ဒါဆို.....?"
"ထားလိုက်....တစ်ချိန်ကျရင်တော့သိလာမှာပေါ့
အဟွန်း...."
YOU ARE READING
👑ဘုရင်ရဲ့ မုဒြာ👑
Random*𝑺𝒂𝒚 𝑩𝒂𝒚𝒊𝒏......♔︎♔︎♔︎* "ဘုရင့်ရဲ့မုဒြာ Ⓗ︎Ⓘ︎Ⓝ︎Ⓣ︎ " မင်းရဲ့အသက် ၁၂ နှစ်ပြည့်မွေးနေ့ကနေ စပြီး ငါ့ အသက် ၁၀ နှစ်ကနေ အခုအသက် ၂၀ ထိ မိသားစု မရှိဘဲအထီးကျန်စွာ နေခဲ့ရသလို မင်းလည်း နေရမယ် ပန်းမုဒြာ...... မင်းဘယ်တော့မှ အပြင်လောက ကို ထိတွေ့ မဆက်ဆံရဘူ...