👑ဘုရင့်ရဲ့မုဒြာ👑 အပိုင်း(၈)
"မေမေ တို့ ထွက်သွားကြမယ်! ဒီစံအိမ်ကနေ နော်...
ထွက် သွား ရ အောင် မုမုလေး......"" မုဒြာ... မေမေတို့ စိန်ပန်းနီနီကနေ အပြီးတိုင်ထွက်သွားကြမယ်နော်....ဟုတ်ပြီလား သဲတုန်းလေး"
ညို တစ်ယောက် မုမုလေးလက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားမိသည်....
မုဒြာရဲ့လက်ဖဝါးသေးသေးလေးတွေက
ညို့လက်တွေကို ဖြည်းဖြည်းချင်းခွာချလိုက်သည်
မယုံနိုင်သော မျက်လုံးလေးများဖြင့် ကြည့်နေသည်မှာ
စက္ကန့်အနည်းငယ်မျှ...."အန်တီမေညို ....."
တိုးလျသော အသံလေးဖြင့် ခေါ်လိုက်သောကြောင့်
ညို ခေါင်းတစ်ချက် ငြိမ့်လိုက်သည်..."အင်း.…..မုမုလေး ပြောလေ ... ဘာလိုချင်လို့လည်း
မေမေ့ကိုပြော...."မေမေတဲ့လား....ဦးစေ မှာလည်း မေမေနဲ့ ဖေဖေ ရှိတယ်တဲ့ ဒါဆို အန်တီမေညိုက မုဒြာမေမေရဲ့ပေါ့...?
" ဘာလို့ မေမေလို့ ပြောနေတာလည်းဟင်...
အန်တီမေညို?""ပန်းမုဒြာလေးရဲ့ မိခင်မို့လို့ မေမေလို့ သုံးနှုန်းတာပေါ့မုမုလေးရဲ့..."
"မုဒြာနားမလည်တော့ဘူး...အန်တီမေညို"
"နောက်ပိုင်း နားလည်သွားလိမ့်မယ် ....ဟုတ်ပြီလား"
ဆိုပြီး သူမ လက်လေးတွေကို တစ်ဖန် ဖွဖွလေး
ထွေးဆုပ် ကိုင်လိုက်တဲ့ ညို...."ဒီနေ့ဘာနေ့လည်း....သိလား"
"ဟင့်အင်း...."
"ဒီနေ့က ဟော့ဒီက မေ့ချစ်သဲ မုမုလေးရဲ့ ၁၂ နှစ်ပြည့်မွေးနေ့လေ...."
"မုဒြာမွေးနေ့.....?"
"ဟုတ်တာပေါ့ မုမုလေးရဲ့ ဒါကြောင့် မေမေနဲ့
မုမုလေးဒီစံအိမ်ကနေ ထွက်သွားလို့ရပြီ...."သူမရဲ့နားသယ်စပ်နားက ဆံပင်လေးတွေကို
နားရွက်နောက်ပို့ရင်း ညိုပြောနေမိသည်...."ဘွားဘွားထားကရောဟင်....?"
မုမုလေးရဲ့ စကားကြောင့် ညို ခေတ္တမျှ တိတ်ဆိတ်မိသွားသည်...
YOU ARE READING
👑ဘုရင်ရဲ့ မုဒြာ👑
Random*𝑺𝒂𝒚 𝑩𝒂𝒚𝒊𝒏......♔︎♔︎♔︎* "ဘုရင့်ရဲ့မုဒြာ Ⓗ︎Ⓘ︎Ⓝ︎Ⓣ︎ " မင်းရဲ့အသက် ၁၂ နှစ်ပြည့်မွေးနေ့ကနေ စပြီး ငါ့ အသက် ၁၀ နှစ်ကနေ အခုအသက် ၂၀ ထိ မိသားစု မရှိဘဲအထီးကျန်စွာ နေခဲ့ရသလို မင်းလည်း နေရမယ် ပန်းမုဒြာ...... မင်းဘယ်တော့မှ အပြင်လောက ကို ထိတွေ့ မဆက်ဆံရဘူ...