👑ဘုရင့်ရဲ့မုဒြာ👑 အပိုင်း(၂၅)
"မင်းကို အပြစ်ပေးမလို့ဘဲ!!!!"
မုဒြာ ကို အပေါ်ထပ်ထိ ရောက်အောင်
ဦးစေအခန်းထဲအထိ အတင်းဆွဲခေါ်လာပြီးနောက်"ဒုန်း!!!"
မုဒြာကို အခန်းထဲ အတင်းထိုးထည့်ကာ
တံခါးကို ဒုန်းကနဲ မြည်အောင်
ပိတ်လိုက်တာကြောင့်
မုဒြာ ဦးစေကို နည်းနည်း ခပ်လန့်လန့်ဖြစ်မိသည်....အခန်းတံခါး ပိတ်ပြီး မုဒြာဆီ တဖြည်းဖြည်း
လှမ်းလာတဲ့ ဦးစေကြောင့် မုဒြာ ခြေလှမ်းလေး
နောက်ဆုတ်မိသည်....."ဦး...အယ်...သ...သ...သခင်လေး "
ဘာအပြစ်ပေးမှန်းမသိပေမယ့် မုဒြာ
ကြောက်ချွေးလေးပျံနေသလို
ရင်လည်းတုန်နေမိသည်....မုဒြာ နောက်ဆုတ်ရင်း နောက်ဆုတ်ရင်း
ကုတင်အနား ရောက်သွားတာမို့
ခြေလှမ်းလေးက ထိုနေရာမှာတင်ရပ်လိုက်ရလျှင်"အမေ့!"
မုဒြာ ခါးသိမ်လေးကို ပိုင်နိုင်စွာ
လက်ဖြင့် ရစ်ပစ်လိုက်တဲ့ ဦးစေ....."သ...သ...သခင်လေး..."
ဦးစေရဲ့ မျက်နှာချောချောက မုဒြာအနား အရမ်း
နီးကပ်လွန်းလာတာကြောင့်
မုဒြာ လက်လေးနှစ်ဖက်ဖြင့်
ကာမလို လုပ်တော့ မုဒြာလက်လေးနှစ်ဖက်ကို
တစ်ဖက်တည်း ဖြင့် ချုပ်လိုက်တဲ့ ဦးစေ...."ပြော...ဘာလို့ အဲ့လောက်ထိ
ရဲတင်းသွားရတာလည်း"မေးလည်းမေး မုဒြာရဲ့မျက်နှာဆီ
အရမ်းနီးကပ်သထက်
နီးကပ်လာတာကြောင့် မုဒြာ ခေါင်းလေး တစ်ဖက်
စောင်းလိုက်တော့ မုဒြာရဲ့ လည်တိုင်လေးထံ
ရိုက်ခတ်နေတဲ့ ဦးစေရဲ့ အသက်ရှူသံများ....."ဟို....ဟို...မုဒြာကို အပြစ်ပေးမို့ဆို...."
"......"
"မုဒြာ မနေတတ်တော့ဘူး...သခင်လေး...."
ထိုသို့ ပြောလိုက်လျှင် ပိုပြီး တင်းကျပ်စွာ
ဖက်လိုက်တဲ့ ဦးစေ...."အင့်..."
ခေါင်းလေးဘေးသို့စောင်းထားပြီး
သူ့ကို မျက်နှာချင်း မဆိုင်တဲ့ ကလေးမရဲ့
လည်တိုင် ဝင်းဝင်းလေးကို "စေ" ကြည့်ပြီး
စိတ်မထိန်းနိုင်တော့ကြောင့် ထိုလည်တိုင်လေးကို
အသည်းယားစွာနမ်းလိုက်တော့.....
YOU ARE READING
👑ဘုရင်ရဲ့ မုဒြာ👑
Random*𝑺𝒂𝒚 𝑩𝒂𝒚𝒊𝒏......♔︎♔︎♔︎* "ဘုရင့်ရဲ့မုဒြာ Ⓗ︎Ⓘ︎Ⓝ︎Ⓣ︎ " မင်းရဲ့အသက် ၁၂ နှစ်ပြည့်မွေးနေ့ကနေ စပြီး ငါ့ အသက် ၁၀ နှစ်ကနေ အခုအသက် ၂၀ ထိ မိသားစု မရှိဘဲအထီးကျန်စွာ နေခဲ့ရသလို မင်းလည်း နေရမယ် ပန်းမုဒြာ...... မင်းဘယ်တော့မှ အပြင်လောက ကို ထိတွေ့ မဆက်ဆံရဘူ...