Chapter ( 32 )

715 14 0
                                    

👑ဘုရင့်ရဲ့မုဒြာ👑 အပိုင်း(၃၂)

သုံးလေးပတ်မတွေ့ရတဲ့ အချိန်မှာ
သူမလေးရဲ့ မျက်နှာအနှံ့ကို "‌စေ"
ကြင်နာမှုတွေနဲ့အတူ စိုက်ကြည့်နေမိသည်.....
ထိုသို့ စိုက်ကြည့်နေရင်းမှ
မက်မွန်ရောင် နှုတ်ခမ်းပါးလေးဆီ
"စေ့" အကြည့်တို့ ရောက်သွားချိန်မှာတော့.....

"ကိုယ် အလုပ်တွေလုပ်ရလွန်းလို့
အားအင်တွေ ကုန်ခမ်းနေပြီ...."

"......."

"ကိုယ့်ကို အားဆေးလေး ပေးသနားပါ....."

"ဟင်....."

ပြောလည်းပြော မုဒြာနှုတ်ခမ်းကို
လျှပ်စီးတစ်ခုလို လျင်မြန်စွာ ထိတွေ့လိုက်တဲ့
ဦးစေ နှုတ်ခမ်းတွေ......

"အွန့်....."

"စေ" သူမလေးရဲ့ ဦးခေါင်းလေးကို
ကိုင်လိုက်ကာ ခေါင်းလေးစောင်းစေပြီး
"စေ" ခန္ဓာကိုယ်ကို ကိုင်း၍ သူမလေးရဲ့
မက်မွန်ရောင် ထိုနှုတ်ခမ်းလေးကို
လွမ်းရိပ်ငွေ့များ နှင့်အတူ ပေါင်းစပ်ပြီး
မွတ်သိပ်ပြင်းပြစွာ ပေးနေမိသည်... 

'ကိုယ်မင်းကို အရမ်းလွမ်းလွန်းလို့
မင်း ခွင့်မပြုလည်း ကိုယ်နမ်းတယ်....!
ကိုယ်အားကုန်နေပြီမို့ သွင်းပေးပါ.....
ကလေးငယ် ကိုယ့်ရဲ့မုဒြာ......"

®®®®®~~~~~~💗💗💗💗💗

"တစ်...နှစ်...သုံး...လေး...ငါး..."

ကုတင်ပေါ်မှာ တုံးအုံးလေးလှဲကာ
နံရံပေါ်က နာရီကို ကြည့်ရင်း
နံပါတ်စဉ်လေးရေတွက်နေရင်းမှ

"အား....."

ဆံပင်တွေကို စိတ်ရှုပ်စွာ ကုပ်လိုက်ရင်း
နှင့်တစ်ပြိုင်နက် ကုတင်ပေါ်၌ ထထိုင်လိုက်သည့်
သူမလေး....

"ငါ့ကို တွေ့တိုင်း ဘာလို့ နမ်းရတာလည်း ဦးစေက?"

"ပြီးတော့ ဦးစေနမ်းလိုက်တိုင်း ငါ့ရင်ဘတ်ကဘာလို့
ဖိုးသိုးဖက်သက်နဲ့ ဖြစ်နေရတာလည်း....?"

"ငါ့ရင်ဘတ်က ဘာလို့ တုန်နေတာလည်း?"

"ကိုရီးယားကားထဲမှာ မင်းသားက မင်းသမီးကို
နမ်းရင် မင်းသမီးက ရင်ခုန်တယ်ဆိုရင်
မင်းသမီးကလည်း မင်းသားကို ပြန်ချစ်တာတဲ့....?"

👑ဘုရင်ရဲ့ မုဒြာ👑Where stories live. Discover now