Chapter ( 9 )

801 14 0
                                    

👑ဘုရင့်ရဲ့မုဒြာ👑  အပိုင်း(၉)

"ခင်ဗျားက ကျုပ်အဖေနဲ့အမေကို မကယ်ဘဲ ထွက်ပြေးခဲ့တာ...!"

ညို သခင်လေးကို ဘယ်လိုရှင်းပြရမလည်း?
ညို သခင်လေးယုံအောင်ဘယ်လိုရှင်းပြရမလည်း?
မဟုတ်ဘူး တစ်ခုခုတော့မှားနေပြီ ?

"မဟုတ်ဘူး...အဲ့နေ့က ...အဲ့နေ့က သခင်လေးရဲ့ ‌အဖေနဲ့အမေကို ညိုကယ်ပါသေးတယ်....ဒါပေမယ့်"

"တော်တော့!!"

ညို ဆက်ပြောမလို့ဘဲရှိသေး.....
သခင်လေးဟာခုချိန်မှာ သွေးပူနေလို့နဲ့တူပါတယ်
ညိုရှင်းပြတာကို လက်မခံ....

"ခုချိန်မှ လာပြီး ဘာဆင်ခြေမှ ပေးမနေနဲ့...!
သွားမယ် ခန့်ထည်!"

"စေ" သူမလေးကို ပွေ့ချီထားပြီး ကားထဲဝင်မလိုလုပ်တော့ အသည်းအသန်ပြေးလာပြီး ရှေ့ကနေပိတ်ရပ်လိုက်သူက "ညို"...

"ခင်ဗျားဒါဘာလုပ်တာလည်း!"

ညို ဘာဘဲပြောပြော အပြစ်မရှိတဲ့ မုမုလေးကို
ခေါ်သွားတာတော့ လက်မခံနိုင်....
ညိုဟာ သမီးလေးရဲ့ မိခင်!

"မုဒြာလေးကို ခုချက်ချင်းပြန်ပေးပါ!"

"စေ" တစ်ယောက် ဒေါ်ညို စကားကြောင့်ဟွန်းခနဲ
ပက်ကနဲ ရယ်မိသွားသည်...

"ဟားဟား..…..သိပ်ရီရတာဘဲ..."

"........"

"ခင်ဗျား သိလား ဒေါ်ညို....?
အသက် ၉ နှစ် အရွယ် မှာ အဖေနဲ့အမေဆုံးတယ်...
မိမဲ့ဖမဲ့နဲ့ နေရတဲ့ ကလေးတစ်ယောက်ရဲ့ ခံစားချက်....
ဆုယူရင်တောင် အတူတူဓာတ်ပုံရိုက်ခွင့်မရတဲ့
ခံစားချက်...... အများကြီးဘဲ ပြောမကုန်နိုင်တဲ့
ကျနော်ခံစားခဲ့ရတဲ့ခံစားချက်တွေ.....?
အခုတော့ ခင်ဗျားသမီးနဲ့ ခွဲရမယ်ဆိုကျတော့
ခင်ဗျားက....အဟွန်း"

"စေ့" ရဲ့ခြောက်ကပ်ကပ်ရီသံအဆုံးကားဆီသွားဖို့ ခြေလှမ်းထပ်လှမ်းဖို့ပြင်လိုက်တော့ ....

"ငါ့သမီးကို ပြန်ပေး!!!!"

"စေ့" ရှေ့မှာ လက်နှစ်ဖက်တားကာ ဟန့်တားလာသူက
ဒေါ်ညို...

"မပေးနိုင်ဘူး.....!"

ညို သမီးလေးကို လုံးဝ အပါမခံနိုင်
မိခင်တစ်ယောက်ရဲ့ အတ္တ ပင်ဆိုစေကာမူ
ဒီလိုလူမျိုးရဲ့လက်ထဲ အပါမခံနိုင်....

👑ဘုရင်ရဲ့ မုဒြာ👑Where stories live. Discover now