👑ဘုရင့်ရဲ့မုဒြာ👑 အပိုင်း(၁၇)
"ကိုကို......"
ဇာနည်သူမလေးကို တင်းတင်းကျပ်ကျပ်
ဖက်ထားရာကနေ သူမလေး နှုတ်ခမ်းထက်မှ
အသံတိုးတိုးလေးဖြင့်
ကိုကိုဟုခေါ်လိုက်သောကြောင့်
ကိုယ်ချင်းအနည်းငယ်ပြန်ခွာလိုက်ပြီး
မျက်လုံးချင်းပြန်ဆုံလိုက်ကာ......"ဟုတ်တယ်....ကိုကိုလေ....မှတ်မိပြီလား"
ဇာနည် သူမလေး မျက်ဝန်းထဲက
အဖြေကိုရှာနေမိစဉ်"အမယ်လေး....မုမု!"
နောက်ပါးထံကနေ အလန့်တကြားခေါ်လိုက်တဲ့
အန်တီမိအေး အသံကြောင့် မုဒြာ လန့်သွားရသလို
မုဒြာ ပခုံးကို ဆုပ်ကိုင်ထားဆဲ ဖြစ်တဲ့
ထို ကိုကို ဆိုတဲ့ လူကလည်း အန်တီမိအေးကို
ကြည့်လိုက်သည်.....ချက်ချင်းဆိုသလို မုဒြာအနား
ရောက်လာတဲ့ အန်တီမိအေး.....
ထို့နောက်မုဒြာလက်ကိုဆွဲပြီး
သူမ အနောက်မှာထားစေကာ
ဇာနည်နဲ့ ရင်ဘောင်တန်းလိုက်ပြီး......"မင်း...မိန်းကလေးတစ်ယောက်ကို
ဒါဘာလုပ်တာလည်းဟမ်!"မိအေး အသံမာမာဖြင့်မေးလိုက်လျှင်
"ကျနော် ကဘာလုပ်လို့လည်း"
"အံမယ်....အံမယ်....
မင်းခုနက ငါတို့ မုမုကို ကိုယ်ထိလက်ရောက်
ဖက်ထားတာလေ!""အဲ့တော့......"
"အဲ့တော့ ဟုတ်လား....?
နင် အချုပ်ထဲသွားရအောင် လုပ်ပေးရမလား ပြော!""ဟ ! အလာကြီးပါလား"
အကြီးနဲ့ ကိုကို အခြေနေ မဟန်တော့လို့ကြားထဲက
မုဒြာလည်း မျက်လုံးလေး ကလည်ကလည်ဖြင့်
ဘာလုပ်ရမှန်းမသိ ဖြစ်ကာ နောက်ဆုံး မုဒြာကဘဲ....."အကြီး....ကိုကို နဲ့ မုဒြာနဲ့ကသိပါတယ်...."
သိပါတယ်လို့ သူမလေး နှုတ်ခမ်းထက်မှ
ပြောလိုက်တာကြောင့် တစ်ယောက်က ဝမ်းသာ
တစ်ယောက်ကအံ့ဩ သွားရသလို......."ဒါဆို မုမုလေးက ကိုကို့ကို မှတ်မိတယ်ပေါ့
ဟုတ်လား....ဝမ်းသာလိုက်တာကွာ"အင်း လည်းမလုပ် အဲ လည်းမလုပ် တဲ့ မုဒြာ ဆီ
ဝမ်းသာအားရ ဖက်ဖို့ လာပြီဆိုလျှင်
မုဒြာရှေ့က တစ်ဖန်ပြန်ပြီး ကာကွယ်ရပ်လိုက်တဲ့
အကြီး.…...
YOU ARE READING
👑ဘုရင်ရဲ့ မုဒြာ👑
Random*𝑺𝒂𝒚 𝑩𝒂𝒚𝒊𝒏......♔︎♔︎♔︎* "ဘုရင့်ရဲ့မုဒြာ Ⓗ︎Ⓘ︎Ⓝ︎Ⓣ︎ " မင်းရဲ့အသက် ၁၂ နှစ်ပြည့်မွေးနေ့ကနေ စပြီး ငါ့ အသက် ၁၀ နှစ်ကနေ အခုအသက် ၂၀ ထိ မိသားစု မရှိဘဲအထီးကျန်စွာ နေခဲ့ရသလို မင်းလည်း နေရမယ် ပန်းမုဒြာ...... မင်းဘယ်တော့မှ အပြင်လောက ကို ထိတွေ့ မဆက်ဆံရဘူ...