👑ဘုရင့်ရဲ့မုဒြာ👑 အပိုင်း(၂၇)
"ဦးစေ......"
ရင်ခွင်ထဲမှ အားအင်ဖျော့တော့စွာ ခေါ်လိုက်တဲ့
အသံလေးကြားတော့မှ "စေ" ရင်ထဲအလုံးကြီး
ကျသွားရသလို သွေးမရှိတဲ့ သူမမျက်နှာလေးကို
စိုက်ကြည့်ရင်း သူမမျက်နှာလေးအနှံ့ တောက်လျှောက်
အနမ်းဖွဖွလေးပေးနေမိသည်......"ကလေး...."
"စေ" သူမကိုယ်လေးကို တင်းတင်းကျပ်ကျပ်
ဖက်ထားမိသည်......
ဖက်ထားရင်းနဲ့မှ ပြန်ပြီးမှေးကျသွားတဲ့ကလေးကို
အင်္ကျီလဲပေးရန်အတွက် သူမကိုယ်လေးကို
ညှင်ညှင်သာသာလေး ပွေ့ချီပြီးမှ ရေချိုးခန်းထဲက
ထွက်လာခဲ့သည်......."သ....သခင်လေး....."
ဒေါ်ထားခင် သော့ယူပြီးပြန်လာတာ့ မြင်လိုက်ရတဲ့
မြင်ကွင်းကြောင့် ကြက်သေသေဖြင့်ရပ်နေမိသည်...."စေ" သူမကိုယ်လေးကို ဖြေးညှင်းစွာ
သူမလေး ကုတင်အထက် ချပေးလိုက်ပြီး......"ဒေါ်ထား...."
"ရှင်...ရှင်...သခင်လေး"
"ဆရာဝန် ပင့်ပေးပါ....."
"ဟုတ်ကဲ့ပါသခင်လေး....."
ဒေါ်ထားခင်ထွက်သွားတော့မှ "စေ" ဗီဒိုအနားအမြန်
သွားကာ သူမလေးနဲ့ ကွက်တိဖြစ်လောက်မယ့်
အင်္ကျီလက်ရှည် အပြာနုလေးကိုထုတ်လိုက်သည်....
ဆံနွယ်ရှည်လေးတွေကို သုတ်ပေးဖို့ဆိုပြီး
ပုဝါတစ်ထည်ပါ ယူလာလိုက်သည်......ကုတင်နားရောက်တော့ အင်္ကျီလဲပေးဖို့ဆိုပြီး
သူမကိုယ်လေးကို တစ်ဖန်ပွေ့ယူလိုက်ပြီး
အင်္ကျီကြယ်သီးလေးကို ဖြုတ်ပေးဖို့
လုပ်လိုက်တဲ့အချိန်မှာတော့
တွန့်ဆုတ်သွားတဲ့"စေ့" လက်တွေ......"စေ" မျက်နှာတစ်ချက်ပြန်လွှဲလိုက်ပြီး
အင်္ကျီကြယ်သီးလေးတွေကို ဖြုတ်ပေးနေရင်းမှ
ရပ်တန့်မိလိုက်သည်......တစ်ဖန်
သူမလေးမျက်နှာကို သေချာ
ပြန်စိုက်ကြည့်လိုက်ရင်း....." မင်းကို ကိုယ်ပိုင်တဲ့အတွက်
ခွင့်တောင်းစရာမလိုဘူးလို့ ထင်ပါတယ်....."👑~~~~~~~~~~~~~~~~~~👑👑👑꧁꧂
"ဇာနည်..…..နင်သိရဲ့သားနဲ့ ဘာလို့ငါ့ကို
မပြောပြတာလည်း...."
YOU ARE READING
👑ဘုရင်ရဲ့ မုဒြာ👑
Random*𝑺𝒂𝒚 𝑩𝒂𝒚𝒊𝒏......♔︎♔︎♔︎* "ဘုရင့်ရဲ့မုဒြာ Ⓗ︎Ⓘ︎Ⓝ︎Ⓣ︎ " မင်းရဲ့အသက် ၁၂ နှစ်ပြည့်မွေးနေ့ကနေ စပြီး ငါ့ အသက် ၁၀ နှစ်ကနေ အခုအသက် ၂၀ ထိ မိသားစု မရှိဘဲအထီးကျန်စွာ နေခဲ့ရသလို မင်းလည်း နေရမယ် ပန်းမုဒြာ...... မင်းဘယ်တော့မှ အပြင်လောက ကို ထိတွေ့ မဆက်ဆံရဘူ...